ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ရခိုင်ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။

မေလ ၁၆ ရက် မနေ့က AA အနေနဲ့ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ကျွေးမွေးစောင့်ရှောက်ထားခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ယောက် ဒုတိယအကြိမ်မြောက်အဖြစ် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

AA လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေထဲ အမျိုးသမီး ၉၅ ယောက်နဲ့ ကလေးငယ် အယောက် ၁၃၀ ပါဝင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က မင်းပြားမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ဖမ်ဆီးရမိခဲ့တဲ့ စစ်ကောင်စီ စစ်သုံ့ပန်းမိသားစုဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်ကလည်း AA အနေနဲ့ ပထမအကြိမ်အဖြစ် မင်းပြားမြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင်အယောက် ၁၇၀ ကို ပြန်လွှတ်ပေးခဲ့ပါသေးတယ်။

AA အနေနဲ့ အခုလို စစ်ကောင်စီတပ်က စစ်သုံ့ပန်း မိသားစုဝင်တွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် တစ်ဖက်မှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – အာရက္ခမင်းသမီးမီဒီယာ
0 Shares:
You May Also Like
Read More

ကျိုက်မရောတွင် KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် လက်နက်ပစ္စည်းများကို စစ်တပ် ဖမ်းမိဟု ဆို

မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။
Read More

အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရှင်းလင်းခဲ့သည့် ဖြစ်စဥ်အတွက် စစ်အုပ်စု CCTV ရထားလည်း စိုးရိမ်စရာ​မရှိဟု Golden Valley Warriors ပြော

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ရှင်းလင်းသုတ်သင်ခံရတဲ့ ဗိုလ်မှူးချုပ် ချိုထွန်းအောင် ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က CCTV မှတ်တမ်းရရှိသွားပေမယ့်လည်း ပြင်ဆင်မှုတွေ လုပ်ထားပြီးသားမို့ စိုးရိမ်စရာ မရှိဘဲ မဆိုင်တဲ့ပြည်သူတွေ ထိခိုက်မှာကိုသာ စိုးရိမ်ကြောင်း Golden Valley Warriors တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှု ရရှိရေး “ALL IN ONE PIECE MOVEMENT” ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု စတင်

မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကို သွေးသစ်လောင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း (Kim Aris) ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All-in-One Piece ကိုစတင်ဖော်ဆောင်နေပြီလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံတွင်းက သန်းပေါင်းများစွာသော ပြည်သူတွေ ဆက်လက်ရင်ဆိုင်ခံစားနေရတဲ့ အကြမ်းဖက်ခံရမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ဖိနှိပ်ခံရမှု စတဲ့ ဒုက္ခတွေကို ထင်ဟပ်စေပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်း‌ပေါ်တွက် တည်ရှိသည့် စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပကဖ   မွမ်းမံသင်တန်း ပြုလုပ်နေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဝင်ရောက်လာတဲ့ ရဲဘော်အသစ်တွေနဲ့ ပကဖ ရဲဘော်ဟောင်းတွေကို စုပေါင်းပြီး အပတ်စဉ် (၃) အခြေခံစစ်ပညာ မွမ်းမံသင်တန်း ပြုလုပ်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် ၂ ရက်တာ ဒရုန်းစစ်ဆင်ရေးအတွင်း ခရိုင်ရဲမှူးသားအပါအဝင် စစ်အုပ်စု ထိခိုက်မှုတွေ ရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ခရိုင်ရဲမှူးသား အပါအဝင် စစ်ကောင်စီဘက်က ထိခိုက်မှုများပြားကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။