မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မေလ ၁၄ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာ ပခုက္ကူမြို့ အနောက်ဘက် ရှင်မကန်ပြည်သူ့စစ်ရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ပခုက္ကူတပ်မ ၁၀၁ က အကြမ်းဖက်စစ်ကောင်စီတ​ပ်သားတွေနဲ့ ပျူစောထီးတွေရှိရာကို Cobra One နဲ့ ပူးပေါင်းအဖွဲ့တွေက ၂ရက်ပေါင်း ရော့ကတ် ၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နှစ်ရက်တာ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ရော့ကတ်ကျည်တွေ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ်လို့ Cobra One တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် ဒီ​တိုက်ခိုက်မှုတွေကို Rocket ဘုရင်စစ်ဆင်ရေး အမှတ်စဉ်(၂) လို့လည်းဆိုပါတယ်။

“ပျူတွေက သူတို့အထိုင်ရွာတွေကို ကျနော်တို့တော်လှန်ရေးအဖွဲ့တွေ မကြာခဏတိုက်ခိုက်နေတော့ မနေရဲတော့လို့ စခတွေလှမ်းခေါ်ပြီး နယ်မြေရှင်းလင်းရေး လာနေပေးခိုင်းတဲ့ သဘောမျိုးပါ။ အခုလက်ရှိတော့ ဒဏ်ရာရတာကလွဲလို့ နောက်ထပ်စုံစမ်းနေဆဲပါ။”လို့ Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အထက်ပါ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရှင်မကန်ကျေးရွာကနေ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တဲ့ ဧပြီလ ၂၉ရက်နေ့တုန်းကလည်း တော်လှန်ရေးတပ်တွေရဲ့မိုင်းတွေ နင်းမိလို့ ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃ယောက်ရှိခဲ့ကြောင်း၊ အဆိုပါနေရာကနေ MA ကျည်ဘောက် ၁ခုနဲ့ ၅.၅၆ ကျည်၂၄တောင့်ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရှင်မကန်ကျေးရွာ တောကျောင်းအတွင်း ဝင်ရောက်တပ်စွဲရင်း မေလ ၁၆ရက်နေ့မှာတော့ ကား၄စီးနဲ့ ပခုက္ကူ တပ်မ(၁၀၁)ကို ပြန်လည်
ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေကို COBRA ONE Pakokku တပ်ဖွဲ့နဲ့အတူ ပခုက္ကူခရိုင် ပကဖ-ခွဲ-၅ဧရာဒေါင်းတပ်ဖွဲ့နဲ့ ဧရာဒေါင်းတပ်စိတ် PLO တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ပုံစာ – Cobra One နှင့်မဟာမိတ်များ၏ ရော့ကတ်စစ်ဆင်ရေးဟောင်းတစ်ခု (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်သုံ့ပန်းဟောင်း စစ်ကိုင်းတိုင်း စစ်တိုင်းမှူး မျိုးမင်းထွေး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး လိုက်ပါစီးနင်းလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုတွင် စစ်တပ် ပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

KNU- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော

နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။