အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) ရုံးချုပ်က ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖ တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနဲ့ ပြည်သူတွေကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအတွင်းဝန်လည်းဖြစ်တဲ့ ဦးမောင်မောင်ဆွေက မေလ ၉ ရက် မွန်းလွဲပိုင်းမှာ နေပြည်တော် ပကဖ ရဲဘော်တွေအပါအဝင် နေပြည်တော် ပကဖ ရဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားတာပါ။

အဆိုပါတွေ့ဆုံပွဲမှာ ဦးမောင်မောင်ဆွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ ပြည်သူ့ကြားက ပြည်သူ့သားသမီးတွေ ဖြစ်တဲ့အတွက် ပြည်သူနဲ့ တစ်သားတည်းနေကာ လူထုစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ရေး၊ ပြည်သူ့နွေဦးတော်လှန်ရေးမှာ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရေးတို့ကို လုပ်ဆောင်ရမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပကဖ ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ( PDO ) တွေအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) နဲ့ အတူတွဲဖက်ကာ အကြမ်းဖက်စစ်တပ်ကို ချေမှုန်းသုတ်သင်နိုင်ရေးနဲ့ ပြည်သူတွေ ဘေးအန္တရယ်တစ်စုံတရာ ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေဖို့ ဦးမောင်မောင်ဆွေက မှာကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်-ပကဖ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုကလည်း ပကဖ ဖွဲ့စည်ထားမှုအခြေအနေတွေ၊ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြ လမ်းညွှန်မှု ခံယူခဲ့သလို တိုင်း၊ ခရိုင်၊ မြို့နယ် ဦးဆောင်အဖွဲ့တွေကလည်း ဆွေးနွေးတင်ပြ လမ်းညွှန်မှု ခံယူခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းမှာ ရက်၁၂၀ ကျော်အတွင်း မြန်မာလုပ်သား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်က လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော် (ASU/SAF) က လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းနဲ့ မျှဝေခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဂျင်တီးနား ဖမ်း၀ရမ်းကို အင်တာပိုလ်ကတဆင့် အကောင်အထည်ဖော်ပေးဖို့ Blood Money Campaign က တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign - BMC က တိုက်တွန်းလိုက်ပါတယ်။
Read More

လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးတာတွေကို MNDAA က ရှင်းလင်းပြီး ပြန်တည်ဆောက်ကာ ဒဏ်ရာရသူတွေကို ဆေးကုပေးနေ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်၊ ဟိုတယ်နဲ့ စျေးဆိုင် ပျက်စီးမှုတွေကို MNDAA က ရှင်းလင်းပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုပါ ဆေးဝါးကုသပေးနေတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

အထွေထွေဖိနှိပ်မှုတွေကို အန်တုပြီး စစ်ကောင်စီကို ထွက်ပေါက်မပေးဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး PNLA ဆီ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ယောက်က စစ်ကောင်စီတပ် နှိပ်စက်တာကို မခံနိုင်တော့တာကြောင့် ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။