စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေကို ကယ်ထုတ်ပေးနေတဲ့ မုံရွာခရိုင် အမှတ် ၁၅တပ်ရင်းက ရဲဘော် မြင့်မြတ်စိုး (ခ) အာနိုး ကျဆုံးခဲ့ရ​​​ကြောင်း သိရပါတယ်။

မေလ ၁၅ရက် ညပိုင်းက ချောင်းဦးမြို့ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးလုံးတင်ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပစ်ခတ်မှုတွေကြား ရဲဘော် မြင့်မြတ်စိုး (ခ) အာနိုးဟာ အရပ်သားကလေးငယ်တွေကို မီးလောင်နေအိမ်တွေထဲကနေ ကယ်ထုတ်ရင်း မီးငြှိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာပဲ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ခါးကိုထိမှန်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၅တပ်ရင်း၊ တပ်ရင်းမှူးက ပြောပါတယ်။

“အဲ့ဒီနေ့ည ၁၀ နာရီကျော်လောက်က ​ပစ်တာ၊ လက်နက်ကြီး ၃လုံးပါ။ ဘာလက်နက်ကြီးလဲတော့ မသိဘူး။ အိမ် ၇လုံး မီးလောင်တယ်။ လူအိပ်ချိန်ကို ထုတာပေါ့။ အရပ်သားလေးယောက်ဆို အိမ်မီး​လောင်တော့ မထွက်နိုင်ဘဲ သေတာပါ။ တော်လှန်ရေးသမားစိတ်ဓာတ်နဲ့ အာနိုးက ပြည်သူဒုက္ခရောက်နေတာမြင်တော့ ဝင်ကယ်တာပေါ့ဗျာ။ ကျနော်တို့ နောက်အဖွဲ့သား၁ယောက် သူ့ဆီရောက်တော့ သူက ကလေးကိုအပ်ပြီး ဘုရားတက်ရှိခိုးတယ်။ အဲ့အချိန်မှ မီးသတ်ကားတွေ ဖုန်းဆက်ရသလို အဖွဲ့သားတွေဆီလည်း ဖုန်းခေါ်ပြီး လာကူဖို့ပြောရတယ်။” လို့ မုံရွာခရိုင် အမှတ် ၁၅တပ်ရင်း၊ တပ်ရင်းမှူးက မောင်းကိုပြောပါတယ်။
‎ရဲဘော်မြင့်မြတ်စိုး(ခ) အာနိုးဟာ ညာဘက်ခါးလက်နက်ကြီးစ ထိမှန်တဲ့ဒဏ်ရာနဲ့ပဲ အဲ့ဒီနေ့ ည၁၁နာရီကျော်အချိန်မှာ ကျဆုံးခဲ့ရကြောင်း သိရပါတယ်။

“အမှတ်တရတွေက အများကြီးပဲ။ ပြောချင်တာကတော့ တစ်ကောင်ကြွက် PDFကြီးဖြစ်လေရာ ဘဝတိုင်း မေတ္တာရောင်ပြန်ဟပ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ပါစေ။ ကောင်းရာသုဂတိ လားပါစေ။” လို့ မုံရွာခရိုင် အမှတ် ၁၅တပ်ရင်း၊ တပ်ရင်းမှူးက မောင်းကိုပြောပါတယ်။

‎အဲ့ဒီနေ့ဖြစ်စဥ်အတွင်း သံဃာတော် ၁ပါး အပါအဝင် အရပ်သား ၄ယောက်နဲ့ ရဲဘော် မြင့်မြတ်စိုး (ခ) အားနိုးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရပါတယ်။

ရဲဘော်မြင့်မြတ်စိုး(ခ) အာနိုးရဲ့ စျာပနအခမ်းအနားနဲ့ အမိန့်ပြန်တမ်း စာဖတ်တာကိုလည်း မုံရွာခရိုင် အမှတ် ၁၅တပ်ရင်းက မေလ ၁၇ရက် ဒီနေ့မှာ ဗီဒီယိုမှတ်တမ်း ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ – လက်နက်ကြီး ထိမှန်ကျဆုံးခဲ့သည့် ရဲဘော် မြင့်မြတ်စိုး (ခ) အာနိုး
0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲပျက်အောင် လှုံ့ဆောင်သည်ဟုဆိုကာ အသက်မပြည့်သူများအပါ အမျိုးသား ၉ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတစ်ယောက် ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ 
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ငလျင်ဘေးဒဏ်သင့် နယ်မြေဆီ သွားရောက်ကူညီဆောင်ရွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းက ငလျင်ဘေးဒဏ်သင့်​ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေကို ဧပြီလ ၃ ရက်မှာ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်းက စာသင်ကျောင်း တစ်ကျောင်းမှာ အားကစားကွင်းဖောက်လုပ်ဖို့ လုပ်အားပေးခဲ့ကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ရဲဘော်တွေအနေနဲ့ စိုးမိုးနယ်မြေအတွင်းက ကျေးရွာအထက်တန်းကျောင်း တစ်ကျောင်းမှာ အားကစားကွင်းဖောက်လုပ်ဖို့ ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ လုပ်အားပေးဆောင်ရွက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။