ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မေလ ၆ ရက်ကစတင်ပြီး မေလ ၁၆ ရက် ဒီနေ့အထိ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ PNOပြည်သူ့စစ်နဲ့အတူ ညောင်ရွေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့ ထိစပ်တဲ့ ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနဲ့ လွယ်လုံကျေးရွာဘက်ကို ခန့်မှန်းအင်အား ၆၀၀ ကျော်နဲ့ ကုန်းလမ်းနဲ့ရော ရေကြောင်းကနေပါ ထိုးစစ်ဆင်လာခဲ့တယ်လို့ သိရတယ်။

အဲဒီစစ်ကြောင်းကို ရှမ်းတောင်ကယား (ကရင်နီ) စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်( ၁ ) ရဲ့ စီမံကွပ်ကဲရေးအောက်ရှိ PDF အမှတ် p3-1006 တပ်ရင်း၊ p3-1009 တပ်ရင်းနဲ့ စစ်ရေးအရပူးပေါင်းတိုက်ခိုက်နေတဲ့ ပျားစစ်ကြောင်းတို့က ၁၀ ရက်အတွင်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဘက်က ပြင်းထန်ဒဏ်ရာရရှိသူအများအပြားရှိကာ သေဆုံးသူ ၁၈ ယောက်ထက်မနည်း ရှိတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ တိုက်လေယာဉ်အပြင် တိုက်ခိုက်ရေးဒရုန်းလည်း ပိုမိုအသုံးပြု ထိုးစစ်ဆင်လာပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ အကောင်းဆုံးခံစစ်နဲ့ ဟန့်တားနိုင်ခဲ့သလို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း လက်နက်ကြီးကြောင့် တော်လှန်ရေးရဲဘော် ၂ယောက် အသေးစားဒဏ်ရာရရှိခဲ့ပြီး တပ်ပေါင်းစုက ရဲဘော် ၁ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဆီက MA3 သေနတ် ၃ လက်၊ MA1 သေနတ် ၁ လက် အပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ငွေတွင်းပျူစခန်းကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ စွန်ရဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမော်တွင် ပစ်ချခံရသည့် အကြမ်းဖက်စစ်တပ်၏ Mi17 ရဟတ်ယာဉ်အပျက်အစီးနှင့် ရုပ်အလောင်း ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့  Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။