တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၇ ရက် မနက်ပိုင်းက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ပျူစောထီးနဲ့ ရဲ ၉ ယောက် သေဆုံးပြီး ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါင်းညီနောင်စစ်ကြောင်း၊ ဥဩစစ်ကြောင်း ၊ ထားဝယ် ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့-ပကဖ ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ တပ်ခွဲ-၁ ၊ KNLA တပ်မ ဟာ ၄ အထူးတပ်ဖွဲ့၊ ထားဝယ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (DDT) နဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၁၅ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်လမ်းမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို  ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၁၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကင်းလှည့်လာသည်အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ရာထွက်ပြေးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ(ရုပ်/သံ)

မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့လို့ ထွက်ပြေးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် လဲဇင်ကျေးရွာအနီး ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။ တိုက်ပွဲနေရာကိုနယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့အခါ US carbine မောင်းပြန် သေနက် ၂ လက် နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

TGYR-‌‌ ပြောက်ကျားတပ်ဖွဲ့ ရဲ့ စက်သေနတ် စမ်းသပ်ပစ်ခတ်မှု (ရုပ်/သံ)

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်က ဒေသကာကွယ်ရေးတစ်ခု ဖြစ်တဲ့ TGYR ပြောက်ကျားတပ်ဖွဲ့က ၎င်းတို့ဝယ်ယူထားတဲ့ အတွဲလိုက်ပစ်ခတ်နိုင်တဲ့ စက်သေနတ်ကို စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းကို ရုပ်သံနဲ့တကွ အသိပေး ထုတ်ပြန်လာပါတယ်။
Read More

တော်လှန်ရေးတပ်တွေ စခန်းတိုက်ပွဲဆင်နွဲနေတဲ့ ဝေါလေဗျူဟာကုန်းမှာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းစခန်းမှာ မနေ့ဇူလိုင် ၁၁ ရက်က ကြီး မားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များထံက သိရပါတယ်။
Read More

ပြည်သူများ သွေးမအေးသေးကြောင်း ပြသသည့် UAE မြို့ပြဂီတည (ရုပ်/သံ)

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Lလွန်းဝါ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။
Read More

ပြည်သူများကို ထောက်ပံ့ကူညီခဲ့သည့် ရုပ်သံမှတ်တမ်း တော်ဝင်ဒေါင်းတပ်ရင်း ထုတ်ပြန် (ရုပ်/ သံ)

တော်ဝင်ဒေါင်းတပ်ရင်းက ရဲဘော်တွေဟာ ရှေ့တန်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသလို သိမ်းပိုက်ထားတဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီကာကွယ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။