မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီးမီးခုံမြို့တိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၆ယောက် ကျဆုံးခဲ့ပြီး ၃ ယောက်ကိုပဲ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ခဲ့ရကြောင်း တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မေလ ၁၅ ရက် မနေ့က မနက်အစောပိုင်းမှာ ဆီမီးခုံမြို့က စစ်အုပ်စုတပ်စွဲရာ နေရာတွေကို ဝင်ရောက်တိုက်ခိုက်နေချိန် လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ယောက် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

“ခင်ဗျားတို့ပြောနေတဲ့ တော်လှန်ရေးဆိုတာ ကျုပ်တို့အတွက် ပေးဆပ်ခြင်းဗျ။ စစ်ဆင်ရေးတဲ့ ကျုပ်တို့တာဝန်ယူရတဲ့အပိုင်းတစ်ခု ပွဲပေါ့။ အခြားရဲဘော်တွေ တက်လုံးချိန် ကာပစ်နေတဲ့ ရဲဘော်တွေအပေါ် ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ကျဲချခဲ့လို့ကျနော့်ခလေးတွေ ကျဆုံးခဲ့ရပြီ။ ကျုပ်ကကျုပ်ခလေးတွေကို သားလိုညီလို တန်ဖိုးထားတာ ရောက်ဘူးသူတိုင်းသိတယ်။ (၃) နှစ် အကျဆုံးမရှိခဲ့ပေမဲ့ ခုတော့ ကျုပ်ရင်ကွဲရပြီ၊ နာကျင်ရပြီ၊ စိတ်နာလာပြီ။ မပြည့်စုံခြင်းကိုအရင်းတည် ပြည်သူကိုဘဲ အားကိုးအခြေပြုပြီး တိုက်ပွဲဝင်နေရတုန်း၊ လက်သင့်ရာကျနေပေမဲ့ ကျုပ်တို့မှာ ကိုယ့်ဒူးကိုယ်ချွန်က တက်မလာဘူး။ တစ်ချို့ကျဆုံးညီတွေ သဂြိုဘ်ခွင့်ကို မရဘူး တစ်စစီ။ ကျဆုံး(၆)ယောက်မှာ (၃)ယောက်ဘဲ ကောင်းမွန်စွာ နောက်ဆုံးစီစဉ်ပေးခဲ့ရတယ်။ဘယ်လောက် ယူကြုံးမရစရာကောင်းလည်း။ ရဲဘောက်တစ်ဦးကို ဦးခေါင်းမဲ့သဂြိုလ် တစ်ဦး လက်တစ်ဘက် ၊ ဘဲသဂြိုလ်ခဲ့ရတဲ့ အဖြစ်ဆိုးပါဗျာ” လို့ ကိုသက်ကြီးက သူ့ရဲ့လူမူကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်​အုပ်စု ဝါဒဖြန့်ချန်နယ်တွေမှာတော့ လက်နက်ခဲယမ်းနဲ့ ​PDF အလောင်းတွေသိမ်းဆည်းရရှိတယ်လို့ ဖော်ပြကြပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း မြင်းခြံခရိုင် အမှတ် ၇တပ်ရင်း ၊ Zero ပြောက်ကျားတပ်ဖွဲ့က ရဲဘော် နဘူးအိုင် (ခ) မင်းခန့်၊ ရဲဘော် Panda (ခ) ဟိန်းပြည့်သော်၊ ရဲဘော် ခွေးကြာ(ခ) ဇံထွန်းသန့် ၊ ရဲဘော် လောက်ချီး(ခ) ဝင်းနိုင်(အထူးတိုက်ခိုက်ရေးကွန်မန်ဒို)၊ ရဲဘော် ဗေလုဝ(ခ) ကျော်ဖြိုးနိုင်၊ ရဲဘော် ကျောက်ပြုတ် (ခ) ချမ်းမင်းအောင်တို့ ကျဆုံးခဲ့ကြောင်း သိရပါတယ်။

“အာဇာနည်တွေရဲ့နောက်ဆုံးခရီး၊ ဘယ်လောက်ဝမ်းနည်းကြေကွဲစရာကောင်းသလည်း အမိန့်စာပြန်ရချိန် ဦးဆောင်သူတိုင်း ဘယ်တော့မှ ဖြောင့်နေအောင်ပြန်မရဘူး။ ရင်ထဲကမျက်ရည် ၊ မျက်ဝန်းကမျက်ရည် ခင်ဗျားတို့ခံစားဘူးကြလား။ အာဏာရူးတွေ၊ ကျုပ်တို့ကတော့ရှင်းတယ် အတ္တကင်းတယ် ၊ ခံယူချက်ပျင်းတယ် ၊ ခနတာကြေကွဲခံစားမယ် ၊ လွမ်းဆွတ်မယ် ၊ အားအင်မွေးမယ် ၊ ပြီးရင် အားအင်သစ်တွေနဲ့ ZERO တွေပြန်လာမယ်” လို့ ကိုသက်ကြီးက ရေးသားထားပါသေးတယ်။

ဆီမီးခုံမြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မြင်းခြံခရိုင် အမှတ် ၇တပ်ရင်း တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ ZERO)

0 Shares:
You May Also Like
Read More

ကောလင်းခရိုင် ပကဖ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း ပကဖ အသံက ဖော်ပြထားပါတယ်။
Read More

၄ နှစ်တာအတွင်း တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဟု NUG ကာကွယ်ရေး၀န်ကြီးက အသိပေး

တော်လှန်ရေး ၄ နှစ်တာအတွင်း အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ 
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့သည့် ရဲဘော်များ၏ မိသားစုဝင်များကို ဒုတိယအကြိမ် သွားရာက်ဂါရဝပြုကန်တော့

ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) က ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြတဲ့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒုတိယအကြိမ်မြောက် သွားရောက် အလေးပြု​ခြင်းနဲ့ ဂါရဝပြုကန်တော့​ခြင်း​ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီနဲ့ ပျူစောထီးကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းရာ ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော် သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။