ရန်ကုန်တိုင်းမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Khayan) ရဲ့ တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မေလ (၁၅) ရက် မနေ့က နယ်မြေအခြေအနေကြောင့် အွန်လိုင်းမှာသာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားမှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို ငြိမ်သက်အလေးပြုခဲ့ပြီး ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းတာဝန်ခံ ကိုနောင်ရိုး ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တပ်ဖွဲ့မှူး ရဲဘော် အောင်စံရှား ၊ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ၊ ရန်ကုန်တောင်ပိုင်းခရိုင် ဇုန် (၂) ခရိုင်ပကဖ တာဝန်ခံ ကိုလဂွန်းအိမ်တို့ တက်ရောက် အမှာစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရမ်းမြို့နယ်ရဲ့ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သွင် ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကိုမင်းမင်း ဒယ်ဂျွန်း၊ ကိုမှိုင်းမျိုးဆက် တို့နဲ့ နိုင်ငံတကာရောက် ထောက်ပို့တွေက အသီးသီး အမှတ်တရစကားတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချရာ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၁၃…
Read More

အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်တဲ့ ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အရာရှိအပါ ၂၀ ကျော် သေကာ အထိနာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဖက်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ တစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂၄ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ယောက်နဲ့ အထိနာသွားခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် KK Park ကို ဆက်လက်ဖောက်ခွဲနေ

မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ KK Park က အဆောက်အဦးတွေကို နိုဝင်ဘာလ ၂ ရက်အထိ ဆက်လက် ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း Khaosod မှာ ဖော်ပြထားပါတယ်။
Read More

ရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တွေကို စံနှုန်းနဲ့အညီ စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီ ပြော

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။