ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ PNOပြည်သူ့စစ်နဲ့အတူ မေလ ၆ ရက်ကစလို့ မေလ ၁၆ ရက် ဒီနေ့အထိ ညောင်ရွေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့ ထိစပ်တဲ့ ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနဲ့ လွယ်လုံကျေးရွာဘက်ကို ခန့်မှန်းအင်အား (၆၀၀) ကျော်နဲ့ ကုန်းလမ်းနဲ့ရော ရေကြောင်းကနေပါ ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းကို ရှမ်းတောင်ကယား ( ကရင်နီ)စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်( ၁ ) ရဲ့ စီမံကွပ်ကဲရေးအောက်ရှိ PDF အမှတ် p3-1006 တပ်ရင်း၊ p3-1009 တပ်ရင်းနဲ့ စစ်ရေးအရပူးပေါင်းတိုက်ခိုက်နေတဲ့ ပျားစစ်ကြောင်းတို့က (၁၀) ရက်အတွင်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပြင်းထန်ဒဏ်ရာရရှိသူအများအပြားရှိကာ တိုက်ပွဲအတွင်း သေဆုံးသူ ၁၈ ယောက်ထက်မနည်း ရှိတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ တိုက်လေယာဉ်အပြင် တိုက်ခိုက်ရေးဒရုန်းလည်း ပိုမိုအသုံးပြု ထိုးစစ်ဆင်လာပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ အကောင်းဆုံးခံစစ်နဲ့ ဟန့်တားနိုင်ခဲ့သလို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးမှု များပြားတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အရပ်သားလူထုကို ဦးတည်ကာ ညောင်ရွှေမြို့နယ်ရှိ စွန့်စွဲကျေးရွာက လူနေအိမ် အလုံး ( ၂၀ )ကျော်ကို မိးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း လက်နက်ကြီးကြောင့် တော်လှန်ရေးရဲဘော် ၂ယောက် အသေးစားဒဏ်ရာရရှိခဲ့ပြီး တပ်ပေါင်းစုက ရဲဘော် ၁ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဆီက MA3 သေနတ် (၃)လက်၊ MA1 သေနတ်(၁)လက် စုစုပေါင်း သေနတ်(၄)လက် အပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့တွင်း စစ်ကြောင်းဘက်မှာလည်း မေလ ၁၄ ရက်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသလို ခမရ ၄၂၂ တပ်ရင်းစခန်းဆီ ပြန်လည်ဆုတ်ခွာနိုင်ရေး လက်နက်ကြီးနဲ့ အဆိပ်ငွေ့ဗုံးတွေ အလွန်အကျွံ ပစ်ခတ်တိုက်ခိုက်ပြီး တပ်စခန်းထဲဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုးဗြဲမြို့တွင်း ပြန်လည်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်း ရှိပြီး မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်းနဲ့ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွေမြို့နယ်အစပ်က စစ်ကြောင်းတို့ဖြစ်ကာ တိုက်ပွဲအခြေအနေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ဖမ်းဆီးစုဆောင်းထားတဲ့ စစ်သားတွေဟာ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ( ၁ )ကွပ်ကဲမှုအောက် လာရောက်ခိုလှုံ အလင်းဝင်လာသူ ( ၁၆ ) ယောက်ရှိပြီး NUG စနစ်သစ် ပညာရေးနဲ့ ၂၀၂၃ ခုနှစ်မှာ ဆယ်တန်းအောင်ထားသူလည်း ပါဝင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PRA -Magway ၏ ၄လတာ စစ်ရေးဖော်ဆောင်မှုတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူအပါ ၆၀ ကျော် သေဆုံး၊ ၁၈ ဦး ဖမ်းမိခဲ့

ဇန်နဝါရီလကနေ ဧပြီလအတွင်း ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးသီဟအောင် အပါအဝင် သေဆုံးသူ ၆၀ ကျော်အထိရှိခဲ့ပြီး ဗိုလ်ကြီး အောင်ငြိမ်းချမ်း၊ ဗိုလ်ကြီး တင်ကိုထက်အပါအဝင် စစ်သုံ့ပန်း ၁၈ယောက်အထိ ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတိအင်အားစု PRA - Magway တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါက်မြို့နယ်တွင် လယ်ရိတ်ဖို့သွားသည့် အမျိုးသား ၃ ဦး စစ်အုပ်စုထောင်ထားသည့်မိုင်း ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။
Read More

အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်ရာမှာ နိုင်ငံရေးအရလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မှာကြား

အထူးစီးပွားရေးဇုန်တွေ နိုင်ငံတစ်၀န်းဖော်ဆောင်ရာမှာ နိုင်ငံရေးရှုထောင့်အရလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။ 
Read More

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရေဦး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။