မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဓေသခံပြည်သူ (၂၇၂၁ ဦး တိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကျိုက်ထိုမြို့နယ်၊ ဝင်းကံ ကျေးနယ်အတွင်းရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနဲ အညာစု ကျေးရွာတို့က စုပေါင်း အိမ်ခြေ(၆၅၄)အိမ် ရှိ စုစုပေါင်း ဒေသခံ (၂၇၂၁) ယောက် အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေကို မေလ (၁၄)ရက် မနက်ပိုင်းကနေ နေ့လည်ပိုင်းအချိန်ထိ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီရဲ့ (အမတ-၃၁၀)တပ်ရင်းစခန်းမှ လက်နက်ကြီး ၁၂၀-မမ (၇)လုံး ပစ်ခတ်ခဲ့သလို ပဲခူးတိုင်း၊ ဝေါမြို့နယ် ဆင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကလည်း လက်နက်ကြီး ၁၂၂ မမ (၄)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လည်ပိုင်းမှာပဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ရွှေကျင်မြို့နယ်ရှိ KNU တပ်မဟာ (၃)နယ်မြေကို ဗုံးသီး (၂)လုံး ပစ်ခတ်ခဲ့သလို ကျိုက်ထိုမြို့နယ် ကျောက်ဖျာ ကျေးနယ်အတွင်းကိုလည်း ဗုံးသီး (၁)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် မေလ (၁၃)ရက်နေ့ ညပိုင်းမှာလည်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီရဲ့ (အမတ-၃၁၀)တပ်ရင်းစခန်းက လက်နက်ကြီး ၁၂၂ မမ (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ကာဘိုးပျူစောထီးစခန်းကို တပ်ပြန်ခေါက်သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သားနှင့် ပျူ ၁၁ ဦး သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်ဖို့ ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၁ ယောက် ပွဲချင်းပြီးသေဆုံးကာ ဆုတ်ခွာသွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြောက်ခင်ရန်း ပျူစခန်းနှင့် မြစ်သာဆည်ပေါ် တပ်စွဲထားသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ၊ စခန်းမှူးအပါ ၆ ဦးသေဆုံးပြီး ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနဲ့ မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

AA နဲ့ ရိုဟင်ဂျာတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး AA က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြီးလှုပ်မည်ဟု သတင်းဖြန့်ဝေခဲ့သူကို စစ်ကောင်စီ ဖမ်းဆီး

ဧပြီလ၂၁ ရက်မှာ ကြီးမားတဲ့ ငလျင်ကြီးထပ်လှုပ်မယ်လို့ TikTok ကတဆင့် ပြောကြားခဲ့သူ နိုင်ကျဉ်းဟောင်းတစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။