ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ရက်နေ့က အုတ်တွင်းမြို့နယ်၊ အုတ်တွင်း – ပေါက်ခေါင်းလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ပစ္စည်းသွားရောက်သယ်ယူတဲ့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး မိုးကြိုးလေးနဲ့ ရဲဘော် စုတ်ဖွားတို့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ တပ်ခွဲမှူး မိုးကြိုးလေးနဲ့ ရဲဘော်စုတ်ဖွားတို့ကို စစ်ကောင်စီက ကြက်မနက်ရွာ၊ ကြက်လျှာတာဝါတိုင်စခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး တပ်ခွဲမှူး မိုးကြိုးလေး အဖြစ် ဟန်ဆောင်ကာ မိခင် တပ်ရင်းတပ်ဖွဲ့တွေဆီ ချိတ်ဆက်ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

“ပစ္စည်းသယ်သွားရင်းက စစ်ကောင်စီရဲ့ဖမ်းဆီးတာကို ခံရတာပါ။ တပ်ရင်းမှူးကို သူတို့ဘက်ကနေပြီး ဖုန်းဆက်လာတယ်။ ကျနော် မိုးကြိုးလေးပါတဲ့.. မိုးကြိုးလေးပုံစံမျိုးနဲ့ ဆက်လာတာပေါ့။ တပ်ရင်းမှူးက မဟုတ်မှန်းလည်းသိရော အဲ့ကောင်တွေ ဆဲဆိုစိန်ခေါ်ပြီး ဖုန်းချသွားတာပါပဲ။” လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က တပ်ခွဲမှူး မိုးကြိုးလေး အဖြစ် ဟန်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို ဆက်သွယ်မှုတွေ ရှိလာနိုင်တယ်လို့လည်း တာဝန်ရှိသူက သတိပေးထားပါတယ်။

ဒါ့အပြင် မေလ ၁၀ရက်နေ့ မနက်အစောပိုင်းမှာ အုတ်တွင်းမြို့နယ်အတွင်းက ကြက်မနက်ရွာစစ်တပ်စခန်းကုန်းကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းကို အလုပ်လုပ်ဖို့သွားရင်း ဖမ်းခံရပြီး စစ်မှုထမ်းရသူ ၂ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၂၈၀) က စစ်သား ၂ယောက် KNLA တပ်မဟာ (၄) တပ်ရင်း (၁၁) ထံ အလင်းဝင်လာခဲ့တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့် လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်း… (ဓာတ်ပုံသတင်း)

အညာဒေသမှာ အခြေစိုက်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့်အတွက် ဩဂုတ်လ ၂၈ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ကို တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO မှတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ထိုက်သင့်သည့်အောင်မြင်မှု ရရှိနေပြီဟု ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တရားဝင်ထုတ်ပြန်

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်း (၁း၀၀)နာရီအချိန်မှာ အလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  တအာင်းတပ်မတော် PSLF/TNLA ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းအားလုံးကို MDY-PDF နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ၏ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ဖော်ပြထားပါတယ်။