မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦ ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 

မေလ ၂၈ ရက်က ငလျင်ကြောင့် SAO အဆောက်အဦးသစ် ပြိုကျခဲ့တဲ့နေရာကို သဘာဝဘေးအန္တရာယ်ဇုန် ကြေညာမှု ရပ်ဆိုင်းပြီး ပြန်လည်ထိန်းချုပ်မှုစတင်တဲ့ မေလ ၁၅ ရက်မှာ အခုလို ဝရမ်းထုတ်လိုက်တာပါ။

ဝရမ်းထုတ်ခံရသူတွေထဲမှာ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ပရမ်ချိုင်း ကာနာဆူတာ အပါအဝင် အင်ဂျင်နီယာတွေ၊ ပရောဂျက်ကြီးကြပ်သူတွေနဲ့ တရုတ်မီးရထား ဖက်စပ်လုပ်ငန်းတို့ ပါဝင်ပါတယ်။ 

အီတာလျံ-ထိုင်းကုမ္ပဏီဟာ ထားဝယ်အထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံက စီမံကိန်းအတော်များများမှာ ပါဝင်ပတ်သက်ဖူးတာဖြစ်ပါတယ်။ 

သံသယရှိသူတွေဟာ လူသေဆုံးမှုဖြစ်စေတဲ့ ဆောက်လုပ်ရေးစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်မှုအတွက် တစ်ဦးချင်းအနေနဲ့ရော၊ ကော်ပိုရိတ်လုပ်ငန်းတွေအနေနဲ့ပါ တရားစွဲဆိုခံထားရတာပါ။  

မေလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ပြိုကျခဲ့သည့် ပြည်နယ်စာရင်းစစ်ရုံး အဆောက်အအုံမှ အပျက်အစီးများကို ဖယ်ရှားရန် ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ကြေငြာချက် ထုတ်ပြန်လိုက်သည်။ (ဓာတ်ပုံ Khaosod English)

စာရွက်စာတမ်းတွေ အထောက်အထားတွေနဲ့ သက်သေထွက်ဆိုချက်တွေကို စစ်ဆေးပြီးနောက်မှာ အဆောက်အအုံပုံစံဟာ ဝန်ကြီးဌာနစည်းမျဉ်းတွေနဲ့ မကိုက်ညီသလို အဆောက်အဦးဆိုင်ရာ စံချိန်စံညွှန်းတွေများစွာကို ချိုးဖောက်ထားတာ တွေ့ရကြောင်း သတင်းမှာ ဆိုထားပါတယ်။ 

ဒါ့အပြင် မှုခင်းဆေးစစ်ချက်တွေအရ စာရွက်စာတမ်းတွေထဲ အမည်ခံထားတဲ့ ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာရဲ့ လက်မှတ်တွေကလည်း အတုဖြစ်ကြောင်း အတည်ပြုထားပါတယ်။ 

အထောက်အထားတွေကို အခြေခံပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဇိုင်းကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးကြီးကြပ်ရေးကုမ္ပဏီတွေနဲ့ ဆောက်လုပ်ရေးကန်ထရိုက်တာတွေ ဆိုပြီး သံသယရှိသူတွေကို အမျိုးအစားသုံးမျိုး ခွဲထားတယ်လို့ သိရပါတယ်။ 

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မြန်မာငလျင်ကြောင့် ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး အဆောက်အအုံတစ်ခုတည်းသာ ပြိုကျခဲ့ပေမယ့် အလုပ်သမား အမြောက်အမြား ထိခိုက်သေဆုံးခဲ့ရပါတယ်။ ရဲချုပ်ဆေးရုံက မှုခင်းဆေးပညာသိပ္ပံရဲ့ အချက်အလက်တွေအရ သေဆုံးသူ ၉၂ ယောက်ရှိပြီး ပျောက်ဆုံးနေသူ ၄ ယောက်နဲ့ ဒဏ်ရာရသူ ၉ ယောက်ရှိကြောင်း သိရပါတယ်။ 

 

မူရင်းသတင်း – 17 WARRANTS ISSUED IN BANGKOK FATAL BUILDING COLLAPSE CASE

0 Shares:
You May Also Like
Read More

သတ္တုလုပ်ငန်းကြောင့် ညစ်ညမ်းလာသည့် မြစ်ရေကို သန့်စင်ရန် ထိုင်းအစိုးရဆည်ဆောက်ဖို့ပြင်

ရှမ်းပြည်နယ် အရှေ့ပိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲ ပျော်ဝင်နေတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို စစ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ရေတားဆည်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂမှာ ဆက်လက် ရပ်တည်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ထိုင်းယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ကို တောင်းဆိုထား

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

အီရန်စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံးခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုအပြီး အီရန်နှင့်အစ္စရေးတို့ အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်လာ အမေရိကန်က အီရန်ဒုံးကျည်အချို့ကို ကူပစ်ချပေးခဲ့…

အစ္စရေးကလည်း အီရန်ကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံအများအပြားကြားရတယ်လို့ သတင်းများကဆိုပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းတွေ နေထိုင်ရာနေရာနဲ့ နီးတဲ့ မက်ရာဘက်လေဆိပ်ကိုလည်း ဒုံးကျည် နှစ်စင်းထိမှန်ခဲ့ပြီး အဆိုပါလေဆိပ်မှာ တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ထားရှိရာ လေတပ်အခြေစိုက်စခန်းရှိတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။