ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းဆတ်မြို့အနီးမှာ မြေရှားသတ္တုတူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က ထုတ်ပြန်ပါတယ်။ 

ထိုင်းနယ်စပ်မြောက်ပိုင်းနယ်စပ်ကနေ ၂၅ ကီလို မီတာကွာဝေးတဲ့ မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်း ၂ ခုရဲ့ ပုံရိပ်တွေကို ဂြိုဟ်တုပုံရိပ်ကတစ်ဆင့် ထင်ရှားစွာမြင်ရတယ်လို့ SHRF က ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

မြေရှားသတ္တုတွင်းတွေရဲ့ စွန့်ပစ် ပစ္စည်းတွေဟာ နမ့်ခုတ်မြစ်(ကော့မြစ်) အတွင်း စီး၀င်တဲ့ ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေပြီး နှစ်နိုင်ငံရဲ့ မြစ်အောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံပြည်သူ တစ်သန်းကျော်ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာနိုင်တာကြောင့် စိုးရိမ်စရာဖြစ်နေတယ်လို့ SHRF က ဆိုပါတယ်။

မိုင်းယွန်းဒေသရှိ အဆိုပါမြေရှားသတ္တုတွင်း ၂ ခုအနက် နမ့်ခုတ်မြစ်အရှေ့ ဘက် ၄ ကီလိုမီတာကွာဝေးတဲ့ မြေရှားသတ္တုတွင်းဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး နမ့်ခုတ်မြစ်နှင့် ၂ ကီလိုမီတာ ကွာဝေးတဲ့ တွင်းကတော့ ၂၀၂၄ နှစ်လယ်ပိုင်းမှာ စတင်ခဲ့တယ်လို့ ဂြိုဟ်တုမှတ်တမ်းပုံဟောင်းတွေအရ သိရတယ်လို့ SHRF ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းတွေကနေ နမ့်ခုတ်မြစ်အတွင်း အဆိပ်တွေ စွန့်ထုတ်နေရာ အရင်က ရှိပြီးသား ရွှေတွင်းတွေကြောင့် ဖြစ်ပေါ်နေတဲ့ ညစ်ညမ်းမှုတွေထက် ပိုမိုဆိုးရွားနိုင်သလို ရှမ်းပြည် တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မဲခေါင်မြစ်အတွင်း စီး၀င်တဲ့ နမ့်ခုတ်မြစ်တစ်လျှောက် နေထိုင်တဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါမြေရှားသတ္တုတွင်းတွေရဲ့ ပုံသဏ္ဌာန် ဟာ ကချင်ပြည်နယ်ရှိ တရုတ်ကုမ္ပဏီတွေက terbium (Tb) နဲ့ dysprosium (Dy) တို့ကို ပမာဏများစွာ တူးဖော်နေတဲ့ မြေရှားသတ္တုတွင်းတွေရဲ့ ပုံသဏ္ဌာန်လို လုပ်ငန်းသုံးကန်အဝိုင်းကန်တွေ စီတန်းထားတာကို တွေ့ရကြောင်း SHRF က​ ဂြိုဟ်တုရုပ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

ကချင်ပြည်ရှိ မြေရှားသတ္တုတွင်းတူးဖော်မှုဟာ သဘာ၀ပတ်၀န်းကျင်ကို ပြင်းထန်စွာ ထိခိုက်စေတဲ့ in situ leaching” နည်းလမ်းနဲ့ တူးဖော်နေတာဖြစ်ပြီး မြေရှားသတ္တုတွေ ထုတ်ယူဖို့ တောင်တွေကို အပေါက်ဖောက်ကာ ပိုက်တွေကတစ်ဆင့် ဓာတု ပစ္စည်းတွေ လောင်းထည့်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါဓာတုအရည်တွေကို ကန်အတွင်း ပြန်လည်ထုတ်ယူထည့်သွင်းပြီး အခြားဓာတုပစ္စည်းတွေ ထပ်ထည့်ပြီး မြေရှားသတ္တု ကို ထုတ်ယူတာဖြစ်တယ်လို့ SHRF က ဆိုပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ထုတ်ပြန်​တဲ့ မိုင်းဆတ်မြို့နယ်က ​မြေရှားတူး​ဖော်​နေတဲ့ သတ္ထုတွင်း ၂ တွင်းနဲ့ ကချင်ပြည်နယ်ရှိ မြေရှားတူး​ဖော်ရာ သတ္တုတွင်းတွေ နှိုင်းယှဥ်ပြမှုနဲ့ အရင်ကတည်းကရှိ​နေ​တဲ့ ​ရွှေတူး​ဖော်မှုများ (ဓာတ်ပုံ SHRF)

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

KNDF တပ်ရင်း ၈ က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF/B08 က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ်ရာ တပ်ရင်းရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်မှာ တပ်ရင်းကို အကောင်းဆုံးနဲ့ ပိုပြီး နည်းစနစ်တကျ ပြန်လည်ပြုပြင်သွားမယ်လို့ KNDF တပ်ရင်း ၈ က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် မြေပြင်ရှိ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ၊ တပ်ရင်းများမှ တာဝန်ရှိသူများနှင့် ရဲဘော်ရဲမေများကို တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မေလ (၁၃) ရက် မနက်ပိုင်းမှာ အမှတ် (၉၀၁) တပ်ရင်းဌာနချုပ်နဲ့ ဗျူဟာအမှတ် (၁၈) ဌာနချုပ်တို့မှာ မြေပြင်ရှိ ရဲဘော်ရဲမေတွေနဲ့ တွေ့ဆုံကာ အမှာစကားပြောကြားခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ဦးသေဆုံး ၊ ၁၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၂ ယောက် ထိဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
Read More

ပေါက်ခေါင်းတွင် မဲရုံလုံခြုံရေး ကင်းပတ်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။