တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို‌ မေလ ၇ ရက်က တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒေါင်းညီနောင်စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီး ၉ ယောက်သေဆုံးခဲ့ကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါင်းညီနောင်စစ်ကြောင်း၊ ဥဩစစ်ကြောင်း ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ တပ်ခွဲ-၁ ၊ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့၊ ထားဝယ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (DDT) နဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဒေါင်းညီနောင်စစ်ကြောင်း

0 Shares:
You May Also Like
Read More

မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာလမ်းမကြီးဘေးရှိ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားသုံးဖျက်ဆီး (ရုပ်သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာ လမ်းမကြီး အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းပိုင်မြေဟုဆိုကာ မတ်လ ၄ ရက် ကနေ မတ်လ ၆ ရက်အထိ မြေကော်ယာဉ်နဲ့ ဘူဒိုဇာတွေအသုံးပြုပြီး ဖျက်ဆီးခဲ့ တယ်လို့ 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 ထံက သိရပါတယ်။
Read More

ဗန်းမော် K.PDF ရဲ့ စခန်းသိမ်းတိုက်ပွဲမှတ်တမ်းကို ထုတ်ပြန် (ရုပ်/သံ)

ဗန်းမော် K.PDF ရဲဘော်များ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲတစ်ခုရဲ့ ရုပ်သံမှတ်တမ်းကို  ဗန်းမော် PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ဆင်ဖြူ ကျွန်းအနီးရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်လံမြို့နယ် နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်၊ စစ်သား ၈ ဦး သေပြီး စခန်းမျှော်စင်နှင့် ကင်းတဲ မီးလောင် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကာကနေ အရာတော်ဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။