မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ မြိုင်မြို့ပေါ်အထိတက်မယ့် အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာသွားအောင် ခုခံတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်စစ်သားအလောင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

မေလ ၁ရက်နေ့ကစပြီး မြိုင်မြို့နယ်အတွင်း ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မေလ ၂ ရက်နေ့မှာ မြိုင်မြို့နယ် အရှေ့တောင်ပိုင်း၊ လေးတန်း၊ သစ်ကြီးတောနဲ့ ​ပေါက်တောရွာတွေအနီး စတင်ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အညာမြေတပ်ပေါင်းစုအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်မြို့ပေါ်အထိ မရောက်ရှိနိုင်ဘဲ ဖွဲ့စည်းပုံပျက်ကာ လေးတန်း၊ သစ်ကြီးတောနဲ့ ပေါက်ပင်ကိုင်းကျေးရွာဝန်းကျင်တွေထဲ ပိတ်မိနေခဲ့တယ်လို့လည်း ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းအနေနဲ့ တိုက်ပွဲအတွင်း ပါရာမော်တာတွေ အပါအဝင် မကွေးနဲ့ မိတ္ထီလာရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာ၊ Y12တွေနဲ့ လေကြောင်းပစ်ကူ အကြိမ်ကြိမ်ယူခဲ့ရသလို သစ်ကြီးတောနဲ့ ပေါက်ပင်ကိုင်းကျေးရွာကနေအိမ်အလုံး ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မေလ ၇ရက်နေ့မှာတော့ ပခုက္ကူမြို့ဆီ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

မြိုင်မြို့နယ်အတွင်း ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းမှာ ပခုက္ကူတပ်မ (၁၀၁) အပါအဝင် စလင်းအခြေစိုက် ခလရ(၂၅၄)တပ်တွေ ပါဝင်ခဲ့ပြီးအင်အား ၁၈၀ နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

မေလ ၈ရက်နဲ့ ၉ရက်နေ့တွေမှာတော့ တော်လှန်ရေးအင်အားစုတွေက တိုက်ပွဲဖြစ်ပွားရာနေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး စစ်​ကောင်စီတပ်သား အလောင်း၈​လောင်းနဲ့အတူ MA 1 သေနတ် (၁)လက် ၊ ကျည် (၅၀၀)ကျော် နဲ့ ခဲယမ်းတစ်ချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ ရှင်းလင်းရေး လုပ်ရင်းနဲ့ စခတွေ ကစဉ့်ကလျားဆုတ်ခွာချိန်မှာ ကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းတွေ၊ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပါတယ်။” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

မြိုင်မြို့နယ်အတွင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို အညာမြေတပ်ပေါင်းစုနဲ့အတူ ပကဖစုဖွဲ့မှုတပ်၊ မြိုင်(ပကဖ)၊ ပေါက်(ပကဖ) ပခုက္ကူ (ပကဖ) တပ်ရင်း ၁ ၊ ပခုက္ကူခရိုင် အမှတ်(၂/၆/၇/၁၄/၁၅/၁၇) တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ ကမ္မတပ်ပေါင်းစု ၊ 8+တပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MGPDF) ၊ PPDF ၊ PLCတပ်ပေါင်းစု ၊ Bo Brother တပ်ပေါင်းစု၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ နဲ့ Earthquake တပ်ဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ပွဲရက်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီက ဇောင်းချမ်းကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့အတွက် ပေါက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ယောက်လည်း ကျဆုံးခဲ့ရပါသေးတယ်။

အညာမြေတပ်ပေါင်းစု တပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိသည့် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများ (ဓာတ်ပုံ အညာမြေတပ်ပေါင်းစု)

0 Shares:
You May Also Like
Read More

လက်နက်ကြီးထိမှန် ကျဆုံးခဲ့တဲ့ ကဝမြို့နယ် PDF ရဲဘော်ဗထူးရဲ့ ဈာပန

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စခန်းမှူးဖြစ်သူ ရဲဘော် ထူးကိုလွင် (ခ) ဗထူးဟာ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃က စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၁၂ယောက်သေ၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ တပ်မ ၃၃က ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းအပါအဝင် မိုင်းရှင်းစစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA တိုက်ခိုက်သိမ်းပိုက်၊ သံချပ်ကာကားများပါ ရရှိ၊ ဗန်းမော်ကို ရရှိရေး KIA ထိုးစစ် ဆက်လက်အရှိန်မြှင့်နေ

ဒီနေ့ ဇန်နဝါရီလ ၂၄ ရက် မနက်အစောပိုင်းမှာ ဗန်းမော်မြို့က စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတဲ့ KIA ဟာ လေယာဉ်ကွင်းအနီးက သံချပ်ကာတပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။  
Read More

တော်လှန်ရေးခံယူချက် မခိုင်မာ၊ စည်းကမ်းမလိုက်နာရင် တောထဲ မလာပါနဲ့ ဆိုတဲ့  Giant Dragon Column

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

ချင်းလွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို ဇိုဖေရမ်ကောင်စီ ဒေသတွင်းမှာ စတင်ကျင့်သုံးမယ်

ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။