မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People’s Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၂ရက်နေ့က မြိုင်မြို့နဲ့ ၆မိုင်ကျော်အကွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက ခုခံတိုက်ခိုက်ခဲ့ကြပြီး အဲ့ဒီတိုက်ပွဲမှာ ရဲဘော်အသေးလေး ကျဆုံးခဲ့ရတာလို့သိရပါတယ်။

“မြို့နဲ့ ၆မိုင်ကျော်အကွာလောက်မှာ ခလရ ၂၅၄ စစ်ကြောင်းကို မဟာမိတ်တွေနဲ့အတူ တိုက်ခိုက်ရင်း ရဲရဲဝံ့ဝံ့နဲ့ ကျဆုံးခဲ့ရတာပါ။ အနီးကပ် ထိတွေ့တိုက်ပွဲ ဖြစ်ကြတာ။ ရန်သူ့ဘက်က ၆၀မမ ကော လက်နက်ငယ်ကော တအားပစ်နေချိန်မှာ ဖြစ်သွားတာ။” လို့ Earthqauke People’s Defence Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ကျဆုံးချိန်မှာအသက် ၂၂အရွယ်သာရှိသေးတဲ့ ရဲဘော်အသေးလေးဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တပ်ဖွဲ့ဝင်တွေ​၊ အရပ်သားတွေနဲ့လည်း လူမှုဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်ကြောင်း အခုလိုကျဆုံးမှုအပေါ် မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရတယ်လို့လည်း သိရပါတယ်။

“အရမ်းအားကိုးရတဲ့ ရဲဘော်ကောင်းတစ်ယောက်ပါ၊ အဖွဲ့အတွက် အလွန်ကြီးမားတဲ့ဆုံးရှုံးမှုပါပဲဗျ” လို့ Earthqauke People’s Defence Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရဲဘော်အသေးလေးရဲ့နာရေးနဲ့ အမိန့်ပြန်တမ်းစာကို မေလ ၁၀ရက်နေ့မှာ လုပ်ဆောင်ပေးခဲ့ပြီးတော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့လည်း Earthqauke People’s Defence Force ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အထက်ပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကြောင်းရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ယောက်လည်းကျဆုံးခဲ့ရပါသေးတယ်။

မေလ ၇ရက်နေ့မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်မြို့နယ်ကနေ အထိအခိုက်ကျဆုံးမှုတွေနဲ့ပြန်ပြီးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

 

ကျဆုံးခဲ့သည့် တပ်စိတ်မှူး ရဲဘော်အသေးလေး၏ စျာပန (ဓာတ်ပုံ Earthqauke People’s Defence Force)

0 Shares:
You May Also Like
Read More

အရာတော်က အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) ဆီက သိရပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းစာရင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို ဖယ်ရှားပေးဖို့ NUG တောင်းဆို

အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့  လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နဲ့  စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့အတူ  တရားခံစာရင်းမှာ ထည့်သွင်းထားတာကြောင့်၊ ဖမ်းဝရမ်း ထုတ်ခြင်းကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ တပ်စခန်း၊နယ်မြေတွေကို ပြန်ရဖို့ ကြိုးပမ်းနေပေမယ့် MDY-PDF အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်.. မတ္တရာမှာ စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ရွာကို ဒရုန်းနဲ့ဗုံးကြဲလို့ ကိုရင် ၁ပါးနဲ့ အမျိုးသမီး ၂ယောက်သေဆုံး..

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ လက္ကောင်းကြီးရွာသစ် ဓမ္မာရုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကိုရင်(၁)ပါး နဲ့ အမျိုးသမီးငယ် (၂)ယောက် သေဆုံးခဲ့ကြောင်း MDY -PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောဒေသခံများ တွေ့ဆုံပြီးနောက် ၁၃ နှစ်ကြာ ပိတ်ထားသည့် မေဂျာဗလီ ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဂျာမေဗလီကို အာရက္ခတပ်တော် (AA) ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ရှောင်ပြည်သူတွေနဲ့ CDM တွေအတွက် ပေးဝေ

တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်မြောက်နေရာဒေသတွေမှာ ဥယျာဉ်ခြံစိုက်ပျိုးကာ ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဏာရှင်လက်အောက်ကနေ စွန့်ခွါလာတဲ့ CDM တွေနဲ့ စစ်ရှောင်ပြည်သူတချို့အတွက်ပေးဝေခဲ့တယ်လို့ Dictatorship Revolution and People’s Defence Network (DRPDN) တာဝန်ရှိသူတွေထံက သိရပါတယ်။