ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား IIMM က တောင်းခံထားပါတယ်။ 

မေလ ၁၂ ရက်  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာက စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ IIMM ကို ဆက်သွယ်ပြီး အထောက်အထားတွေ မျှဝေပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး  ဒဏ်ရာရရှိမှု၊ အပျက်အစီးတွေ၊ ပေါက်ကွဲမှုတွေရဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေ၊ ထိခိုက်သူတွေရဲ့ အချက်အလက်တွေ၊ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်၊ လက်နက်အမျိုးအစားတွေ၊ လေယာဥ်မှူးနဲ့ အမိန့်ပေးရာမှာ ပါဝင်သူတွေ ရဲ့ အချက်အလက်တွေကို IIMM က တောင်းခံထားတာပါ။

အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းသား၊ကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးပြီး စုစုပေါင်း ၁၀၀ ကျော် ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အရပ်သားပစ်မှတ်တွေကို မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ပြီး ကလေးငယ်တွေကို တိုက်ခိုက်တာဟာ အလွန်ထိတ်လန့်ရွံရှာဖွယ်ကောင်းသလို ကလေးငယ်တွေကို  ထိခိုက်ကျူးလွန်တဲ့ အမှုတွေကို  ဦးစားပေး စုံစမ်းစစ်ဆေးနေတယ်လို့ IIMM က ဆိုပါတယ်။   

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က စာသင်ကျောင်းများစွာကို တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ သေဆုံးဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အများအပြား ရှိခဲ့တယ်လို့လည်း IIMM က ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ချင်းပြည်နယ်ရှိ မတူပီမြို့နယ်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကယားပြည်နယ်ရှိ ဒီမော့ဆိုမြို့နယ်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ်တွေမှာ အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ IIMM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရုရှားမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ထရမ့် တိုးမြှင့်

ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

အလှမယ် သဲစုငြိမ်း ရရှိသွားတဲ့ Miss Grand International 2025 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားက မြန်မာ့ငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရန်ပွဲအပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အဖွဲ့စုံ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးမှုအချို့ရှိ

“မနေ့ညနေက မဲဆောက်ဈေးကို အရင်ဝင်စစ်တယ်။ ဆိုင် ၅ ဆိုင်လောက်ပါသွားတယ်ကြားပါတယ်။ တောမောင်းရုံး page မှာလည်း သတင်းတွေ တက်လာပါတယ်။ လူတွေ ဘယ်နှစ်ယောက် ပါသွားတာလဲတော့ အတိအကျ မသိရသေးဘူး။ ဖမ်းတယ်ဆိုတာကတော့ သေချာပါတယ်။ ပြီးတော့ မြို့အဝင်အထွက် လေယာဉ်ကွင်းတို့၊ အာရှလမ်းမကြီးတို့၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ရှိတယ်။ အရင်ကထက်တော့ ပိုတင်းကျပ်နေတယ်” လို့ အဝေးရောက်ဧရာဝတီအဖွဲ့ (OIA) က ကိုဖိုးသင်္ကြန်က မောင်းကို ပြောပါတယ်။
Read More

မြန်မာနဲ့ သီရိလင်္ကာလုပ်သားတွေကို ကမ္ဘောဒီးယားတွေနေရာမှာ အစားထိုးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးပြော

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်နိမိတ် တင်းမာမှုတွေ ဖြစ်ပွားနေချိန် ထိုင်းကနေ ထွက်ခွာသွားတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေနေရာမှာ အစားထိုးဖို့ မြန်မာလုပ်သား ၄၂၀၀၀ နဲ့ သီရိလင်္ကာလုပ်သား ၁၀၀၀၀ ခန့်ကို ၂ လအတွင်း ခေါ်ယူသွားမယ်လို့ ထိုင်းအနေနဲ့ စီစဉ်နေပါတယ်။