စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People’s Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံးချိန်မှာ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရဲဘော်အသေးလေးဟာ မေလ ၂ ရက်က ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ (၁၀၁)၊ ခလရ(၂၅၄) ကနေ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တပ်စိတ်မှုး ရဲဘော် အသေးလေးရဲ့ စျာပနအခမ်းအနားနဲ့ အမိန့်ပြန်တမ်းစာ ထုတ်ပြန်တာကို အခက်အခဲတွေကြားက မေလ ၁၀ ရက်မ ကျင်းပပြုလုပ်ပေးခဲ့ပြီး မိသားစုနဲ့ ထပ်တူဝမ်းနည်းရကြောင်း Earthquake People’s Defence Force က ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် အသေးလေးဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်တဲ့အပြင် ရဲဘော်တွေ၊ ပြည်သူတွေနဲ့လည်း လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် အသေးလေးရဲ့ တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့ ကတိသစ္စာပြုကြောင်း Earthquake People’s Defence Force က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်တော်မှ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ဦးသေဆုံးသည့် ဖြစ်ရပ် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA ကြေညာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စာသင်ကျောင်း ၂ ခုကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ယောက် သေဆုံးခဲ့တဲ့အပေါ် အကြမ်းဖက်စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ငလျင်ကြောင့် အိုးဘိုထောင်မှာ အနည်းဆုံး ၄ ဦး သေဆုံးကြောင်း PPNM အတည်ပြု

စစ်ကိုင်းငလျင်ကြောင့် မန္တလေး အိုးဘိုထောင်မှာ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ ကျား/မ အတည်မပြုနိုင်သေးသူ ၁ယောက် စုစုပေါင်း ၄ယောက် သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ထားဝယ်ခရိုင် ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ တပ်ကြပ်ကြီးအပါ ၃ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့ပေါ် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်.. “ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးတဲ့သူ၊ ပါဝင်ပတ်သက်တဲ့သူ ဘယ်သူ့ကိုမဆို စာနာထောက်ထားနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်သွားမှာပါ။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်နေ့က စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စစ်အုပ်စုကင်းလှည့်လာချိန် အသင့်စောင့်ကြို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၆ရက်နေ့မှာလည်း စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်က စစ်အုပ်စုကင်းပုန်းနေရာကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ "ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စခလှည့်ကင်းကားတွေလာမယ့်အချိန် အသင့်စောင့်ပြီး ၁လုံးခွဲတာ မိုင်းက မအောင်ဘဲ (Error) ကား၂စီးလုံးကျော်သွားမှ ကွဲတယ်။ နောက်နေ့ စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်မှာ ခွဲတာကတော့ ထိခိုက်မှုမသိရသေးပါဘူး။" လို့ ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ဦး မျက်မြင် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။