ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ (၁၃) ရက် မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၁၀ နှစ်နဲ့ ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ပြည်သူ (၁၂) ယောက် သေဆုံးခဲ့ပြီး (၂၃) ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၁) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ AA က ဆိုပါတယ်။

ဒါ့အပြင် မေလ (၁၄) ရက် မနေ့က ညနေပိုင်းမှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်တော်မြို့ရှိ လူနေအိမ်ရပ်ကွက်တွေအတွင်း ဂျက်ဖိုက်တာ (၁) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိ အရပ်သားပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၉) လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ AA က ဆိုပါတယ်။
ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ထိရောက်စွာပေးနိုင်ဖို့အတွက် AA အပါအဝင် ညီနောင် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ကာလကို မေလ (၃၁) ရက်အထိ တစ်လတာ တိုးမြှင့်ထားတဲ့အချိန်ကာလကို အခွင့်ကောင်းယူကာ အကြမ်းဖက် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို အခုလို လာရောက် တိုက်ခိုက်နေမှုတွေကို ပြင်းထန်စွာရှုံ့ချ​ကြောင်း AA က ထုတ်ပြန်ပါတယ်။

AA အနေနဲ့ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ပြည်သူလူထုရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရသလို အပြစ်မဲ့အရပ်သား အာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ ဆက်တိုက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို မှတ်တမ်းတင်ထားကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

မတ္တရာရှိ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ အားဖြည့်ကူညီ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေဆီ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်ကို နိုင်ငံရေးအာဏာ အကန့်အသတ်မရှိ ပေးအပ်လိမ့်မည်ဟု KNU ဥက္ကဋ္ဌ ပြော

စစ်ကော်မရှင်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာာရှင်တွေကို နိုင်ငံရေးဦးဆောင်ခွင့်အာဏာ အကန့်အသတ်မရှိ ပေးအပ်စေမှာ ဖြစ်တယ်လို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့၊ ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားအစည်းရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်နှင့် အကြိမ်ကြိမ် စစ်အင်အားဖြည့်တင်းမှုများကြားမှ ဖလမ်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင် ကြေညာ

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ခရီးသွားပြည်သူများကို ရိုက်နှက်ပစ္စည်းလုယက်နေသည့် အဖွဲ့ကို တောင်သာ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အနောက်ခြမ်းမှာ ခရီးသွားပြည်သူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုယက်နေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အကျိုးစီးပွား ဦးတည်နေသည့် ရွေးကောက်ပွဲအတုကို မွန်ခမာအုပ်စု လူငယ်များ ဆန့်ကျင်ကန့်ကွက်

အာဏာသိမ်းစစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝ သွေဖယ်နေပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ဦးတည်နေတာကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်းကို မွန်ခမာအုပ်စုဖြစ်တဲ့ ဝ၊ တအာင်းနဲ့ မွန် လူငယ်တွေက ထုတ်ပြန်လာပါတယ်။