မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် သားတွေ မိုင်းထိပြီး ၃ ယောက်သေခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၅ က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ စလင်းမြို့နယ်၊ မြေနီကုန်းကျေးရွာ စလင်း-ကံပြားလမ်းကျေးရွာလမ်းဆုံအနီး အထိုင်ချပြီး အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲကာ ခြင်ထောင်ကျေးရွာအနီး စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပါတယ်။

အဲ့လိုစစ်ကြောင်းထိုးလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ မိုင်း ၂ လုံးထိကာ ၃ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့် မှော်စီစာရှိ စက်ယန္တရားများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာရှိ စက်ယန္တရားတွေကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုင်းလာရှင်းသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်အတွင်း စစ်တပ်ယာဉ်တွေကို တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် ၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တစ်နေရာမှာ နိုဝင်ဘာ ၂၅ ရက်က အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်အထိုင်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Six Senses Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေး-မုံရွာလမ်းမပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Spring Dove မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ယာဉ် ၃ စီးပေါ်မှာ အင်အားအပြည့်တင်ဆောင်လာပြီး မအူဂိတ်မှာ Faw ယာဉ် ၁ စီး၊ ၁၂ စီး ကား ၁ စီးနဲ့ အချိန်း အပြောင်းအပြောင်းလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေကို မန္တလေး-မုရွာလမ်းမပေါ်မှာ အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနှင့် သယ်ဆောင်လာသည့် မူးယစ်ဆေးများ ဖမ်းမိကြောင်း CDF – Hakha ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားရ်တံတားမှာ ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းဆီးရမိကြောင်း Chinland Defense Force-Hakha က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။