ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၂၄ တပ်ရင်း စစ်သားတွေရှိရာ မော်ဖိုးကေ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြပါတယ်။

KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ခမရ ၂၄ တပ်ရင်း စစ်သားတွေ တပ်စွဲထားရာ မော်ဖိုးကေ စစ်တပ်စခန်းကို မေလ ၁၅ ရက် ဒီနေ့ မနက်ပိုင်းကစလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်အနီးရှိ မြန်မာနိုင်ငံဘက်က ဒေသခံ ၄၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

မေလ ၁၃ ရက် ညနေပိုင်းကလည်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီ ခမရ ၂၄ တပ်ရင်းရဲ့ တာလယ် ဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်း သိမ်းဆည်းရမိခဲ့ပြီး စစ်သား ၂၀ ကျော် ထိုင်းဘက်အခြမ်း ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၉ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ တခေါ်ဘီခွီးစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွါးနေခြင်းကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများ (ဓာတ်ပုံ  AEC News (Thailand))

0 Shares:
You May Also Like
Read More

နိုင်ငံစီးပွားရေးကျဆင်းမှု၏ တရားခံ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က GDP တိုးတက်အောင်လုပ်ကြရန် ပြောကြား

အာဏာသိမ်းလိုက်လို့ ကျဆင်းသွားတဲ့ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွေ့ဆုံပွဲမှာ ပြည်တွင်းထုတ်လုပ်မှု  (GDP) တိုးတက်အောင် လုပ်ကြဖို့ ပြောဆိုခဲ့ပါတယ်။
Read More

ဖားကန့်တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ဦးသေဆုံး ၊ ၁၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၂ ယောက် ထိဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
Read More

အမျိုးသမီးကိစ္စကြောင့် နယ်ကျွံမိတဲ့ နယ်ထိန်းရဲ ပစ်ခတ်ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ  အမျိုးသမီးကိစ္စနဲ့ ကျွံဝင်လာတဲ့ နယ်ထိန်းရဲ ၁ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း TTA-People Defense Force က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကင်းတွင် အကြမ်းဖက်စစ်တပ် အင်အား ၅၀ ပါစစ်ကြောင်းနှင့် S.R.F တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F )  ပြောရေးဆိုခွင့်ရှိသူ  သူသူခိုင်က မောင်းကို ပြောပါတယ်။
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ကင်းပတ်သည့် အကြမ်းဖက်စစ်သားများကို စနိုက်ဘာဖြင့်ပစ်ခတ်ရာ ၁ ဦးသေဆုံး…

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်း​ပိုင်းမှာ ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေ စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုဘက်က လက်နက်ကြီးပြန်လည်ပစ်ခတ်တာမျိုးတွေရှိခဲ့တယ်လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။