မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲပြီး ဝင်ရောက်လာတဲ့အကြမ်းဖက်စ​​စ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းဟာ မြေနီကုန်းကျေးရွာ၊ စလင်း – ကံပြားလမ်း၊ ကျေးရွာ လမ်းဆုံအနီးမှာ အထိုင်ချတပ်စွဲရင်း မေလ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကြောင်း ၂ ခု ခွဲပြီး ဆက်လက်ထွက်ခွါလာခဲ့တယ်လို့ သိရပါတယ်။

အထက်ပါအကြမ်းဖက်စစ်ကြောင်းကို စလင်းမြို့နယ်၊ ခြင်ထောင်ကျေးရွာနား မရောက်ခင်မှာ မင်းဘူးခရိုင် တပ်ရင်း ၅ တပ်ဖွဲ့ဝင်တွေက စတင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စခအင်အား ၁၅၀ လောက်က နှစ်ကြောင်းခွဲလာတာ၊ အဲ့မှာ ၇၀နီးပါးနဲ့ ထွက်လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်တာပါ။ ၁၁ရက်နေ့ညက အထိုင်ချပြီး မနက်မှာ စစ်ကြောင်းထွက်လာတာပေါ့။ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅နဲ့ ဆင်လူးရွာက ပျူစောထီးတွေပါ ပါတယ်။ မြေနီကုန်းနဲ့ ခြင်ထောင်ရွာနားမှာ ထိတွေ့မှုဖြစ်တာ။ ကျနော်တို့ရဲ့ပထမမိုင်းဆွဲမှုထိပြီး ၃ကောင်သေသွားတယ်။ အဲ့နောက် ပစ်ခတ်မှုဖြစ်တာပါ” လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက စလင်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ မကြာခဏဆိုသလို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေ ဆက်တိုက်ဆိုသလိုရှိနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များနေတယ်လို့လည်း သိရပါတယ်။

မင်းဘူးခရိုင် အမှတ် ၅တပ်ရင်းတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

AA ထိန်းချုပ်ရာ နေရာများတွင် စက်တင်ဘာလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားရာဒေသမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ULA/AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်ဝေခံပါတီများ မွန်ပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မှုအပေါ် မွန်ပြည်သူများက လက်သင့်ခံကြိုဆိုမည် မဟုတ်

အကြမ်းဖက်စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် စစ်တပ်ရဲ့ လက်ဝေခံပါတီတွေကို မွန်ပြည်သူတွေက လက်သင့်ခံကြိုဆိုမှာ မဟုတ်ကြောင်း မွန်အရပ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ ဩဂုတ်လ ၈ရက်မှာ အိတ်ဖွင့်ပေးစာ ထုတ်ပြန်လာပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြား စစ်ကောင်စီနှင့် PDF ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦး သေပြီး ထိခိုက်ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

အငြင်းပွားဖွယ် ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်ဆိုသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင်  ဖိအားနှင့် ခြိမ်းခြောက်ခံရမှုကြောင့် မဲပေးခဲ့ရသူ အများစုဖြစ်နေ

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပိုင်း ၁ မှာ ပြည်သူ ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့တယ်လို့ စစ်ကော်မရှင်က ခပ်တည်တည်ဆိုနေပေမဲ့၊ လက်တွေ့မှာတော့ အဆိုပါရာခိုင်နှုန်းကို မပြည့်မီသလို၊ ပြည်သူအများစုဟာလည်း ဖိအားနဲ့ ခြိမ်းခြောက်ခံရတာတွေကြောင့် မဲပေးခဲ့ကြရတယ်လို့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ မီဒီယာတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။