မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ချေမှုန်းတိုက်ခိုက်ခဲ့ရာ အလောင်း ၈ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁ ရက်က ပခုက္ကူတပ်မ ၁၀၁ နဲ့ ခလရ ၂၅၄ တပ်ရင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး မေလ ၇ ရက်မှာ ပခုက္ကူတပ်မ ၁၀၁ သို့ အထိအခိုက်များစွာနဲ့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ စစ်ကောင်စီတပ်သားအလောင်း ၈ လောင်းနဲ့ MA 1 သေနတ် ၁ လက်နက်၊ ကျည် ၅၀၀ ကျော်၊ အခြားခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပကဖစုဖွဲ့မှုတပ်၊ မြိုင်ပကဖ၊ပေါက်ပကဖ၊ ပခုက္ကူ ပကဖ တပ်ရင်း ၁ ၊ ပခုက္ကူခရိုင်အမှတ်(၂/၆/၇/၁၄/၁၅/၁၇)၊ ကျောင်းသားတပ်မတော် (ABSDF) ၊ ကမ္မတပ်ပေါင်းစု ၊ 8+တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ ဂဠုန်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ PPDF ၊ PLCတပ်ပေါင်းစု ၊ Bo Brother တပ်ပေါင်းစု၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ Earthquake တပ်ဖွဲ့နဲ့ ဒေသဆိုင်ရာတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်အတွင်း ရိက္ခာသယ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၅ ယောက်သေ၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာလှေဆိပ်သို့ ရိက္ခာသယ်လာတဲ့ ခမရ ၅၉၈ တပ်က အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်‌ကြောင်းထံက သိရပါတယ်။
Read More

ဗန်းမော် K.PDF ရဲ့ စခန်းသိမ်းတိုက်ပွဲမှတ်တမ်းကို ထုတ်ပြန် (ရုပ်/သံ)

ဗန်းမော် K.PDF ရဲဘော်များ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲတစ်ခုရဲ့ ရုပ်သံမှတ်တမ်းကို  ဗန်းမော် PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

အီရန်နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန် (ရုပ်/သံ)

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရပါတယ်။
Read More

ကမ္ဘောဒီးယားစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ထိုင်း Phanom Dong Rak ဆေးရုံသို့ ကျ‌ရောက်ပေါက်ကွဲ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိုင်းဘက်ခြမ်းရှိ Phanom Dong Rak ဆေးရုံသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေက ‌ဖော်ပြပါတယ်။
Read More

ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ယနေ့ နိုဝင်ဘာ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေက ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပြည်သူ အင်အား ၁၀၀ ကျော်ပါဝင်ပြီး "မီးရှို့စစ်တပ် အမြစ်ဖြတ်"၊"KIA ​တွေ ဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ်" ၊ "PDF ​တွေဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ် "၊ " PDF နဲ့ KIA တိုက်ပွဲတိုင်းမှာ နိုင်ပါ​စေ"၊ "အ​မေစု ဘာမှာခဲ့လဲ ​ကောက်ရိုးမီးလိုမဖြစ်​စေနဲ့"စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ဆားတောင်မြို့ ရဲစခန်းနဲ့ အထက်ကျောင်းမှာ အထိုင်ချထားတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

အောက်တိုဘာ ၁ ရက် ညနေပိုင်းက ဆားတောင်မြို့ရဲစခန်းမှာ ပြည်သူတွေကို အနိုင်ကျင့်ငွေတောင်းနေတဲ့ ရဲတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဆား‌‌တောင်မြို့အထက်ကျောင်းအတွင်း ဘောလုံးကန်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။