ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၈ ယောက်သေခဲ့တယ်လို့ နတ်စစ်သည် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၄ ရက် မနက်အစောပိုင်းက အင်အား ၁၀၀ ခန့်နဲ့ နတ်တလင်မြို့နယ် ပျဉ်ပုံရွာကနေ ထန်းတောရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၈ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁ က တပ်ခွဲတွေဖြစ်ကြတဲ့ နတ်စစ်သည်တပ်ဖွဲ့၊ တပ်ခွဲ (၄) BRA တပ်ဖွဲ့၊ တပ်ခွဲ (၂) Phoenix တပ်ဖွဲ့၊ တပ်ခွဲ (၆) ဧညာညီ‌နောင်တပ်ဖွဲ့နဲ့ နတ်တလင်းမြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့ လူစည်းကားရာ နေရာတစ်ခုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်းကားတဲ့ လမ်းတစ်နေရာမှာ "အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စတဲ့ စာသားတွေကို ဆေးနီမှုတ်ရေးသားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy အဖွဲ့ထံက သိရပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေး တပ်မတော် (NPT-PDF) ၏ ပထမအကြိမ် တပ်မှူးငယ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး တစ်နှစ်အကြာမှာ လမ်းပြန်လျှောက်နိုင်ခဲ့သည့် တော်လှန်ရေးရဲဘော် (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော် ၁ ယောက်ဟာ တစ်နှစ်အကြာမှာ မတ်တပ်ပြန်ရပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ Mahauurar Dragon PDF က ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင် ကား ၁ စီးနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မိုးကံရွာရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ကား ၁ စီးနဲ့ စစ် ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ရှင်းလင်းခဲ့တယ်လို့ 27 Revolution Forces က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ် ရွေးကောက်ပွဲအတု ပြုလုပ်နေချိန် PDF များ အမြန်လမ်းတွင် စစ်ဆေးရေးလုပ်ခဲ့

အာဏာသိမ်းစစ်တပ်က ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ စတင်ကျင်းပနေချိန်အတွင်း PDF ရဲဘော်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကို တက်ပြီး လုံခြုံရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။