ဧရာဝတီတိုင်းအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူနေကျေးရွာနဲ့ အိမ်ခြေအဆောက်အအုံ၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအား အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ AYA PDF က ထုတ်ပြန်လိုက်ပါတယ်။

ရေကြည်မြို့နယ် အခြေစိုက် အမတ (၃၄၄) တပ်စခန်းနဲ့ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို လက်လွှတ်‌ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ် မှတ်ထားပြီး လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီးယာဉ်နဲ့ လက်နက်ကြီး (မီးလောင်ဗုံး)တွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်တွေကြောင့် ပြည်သူလူထုတွေနဲ့ထပ်တူ ဝမ်းနည်းစိတ်မ ကောင်းဖြစ်ရပြီး ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အပြင်းထန်ဆုံး လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Video-AYA PDF အမှတ်၂၉ ဗျူဟာ

0 Shares:
You May Also Like
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ၁ လတာအတွင်း ဒရုန်းနဲ့ ဗုံးသီး အကြိမ် ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ဒီဇင်ဘာ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းနဲ့ ဗုံးသီးအကြိမ်ရေ ၅၀ ကျော်၊ ဗုံးသီး အလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖ ထံက သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဘလယ်ဒိုစခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဘလယ်ဒိုစခန်းကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် မြို့ခံပြည်သူများ တောင်းဆို (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့မှာ အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အောက်တိုဘာ ၂၆ ရက်မှာ မြို့ခံပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
Read More

ပုလောမြို့နယ်အတွင်း မိုင်းနင်းမိ၍ အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း KNLA အထူးတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းနင်းမိပြီး အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ သွားတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။ 
Read More

မြိုင်တွင် ပြည်သူပိုင်ပစ္စည်း ခိုးယူနေသည့် စစ်အုပ်စု အလစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၁ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။