မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ကျေးရွာအတွင်းရှိ စာသင်ကျောင်းကို ထိမှန်သွားတာကြောင့် စာသင်ကျောင်း လုံးဝပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က မေလ ၁၄ရက်၊ ည ၁၂ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီရဲ့ တံတားဦးတပ် Mig 29 နဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“အခုကြဲသွားတဲ့ နေရာတွေဘက်မှာ ဘာတိုက်ပွဲမှကို မရှိတာပါ။ မရှိတာကိုမှ လနဲ့တောင် ချီနေပါပြီ၊ တိုက်ပွဲမရှိတာလေ။ အခုက အဲ့နေရာကို သက်သက်ကို လုပ်သွားတာပါ” လို့ ယောအလင်းတန်းအဖွဲ့မှ ကိုဘကောင်းက မောင်းကို ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လာပို့ကျေးရွာ စာသင်ကျောင်း ခရေ စာသင်ခန်းမဆောင် ခါးလယ်ကနေ ကျိုးကျ ပျက်စီးသွားတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။ ဘာလို့ဆိုတော့ ညသန်းခေါင် အချိန်ဆိုတော့လေ။ စာသင်ဆောင်တွေတော့ အပျက်အစီးများပါတယ်” လို့ သူကဆိုပါတယ်။

ဒေသခံပြည်သူတစ်ယောက်ကလည်း “ပုံမှန်ဆို လေကြောင်းက တံတားဦးကနေ အနောက်တို့ အနောက်မြောက်တို့ဆိုရင် ယောကိုရောက်လာတာပေါ့နော်။ ခုက အဲလိုမဟုတ်ဘူး ကနီတောင်ခြမ်းကနေ မင်းကင်းဖြတ်ပြီး ကလေးတောင်ပိုင်းကို ဝင်လာတာ။ ကလေးတောင်ပိုင်းကနေ ‌အနောက်ကို အထွက်ပြပြီးမှ အရှေ့ကိုပြန်ဝိုက်လာပြီးမှ လာပို့ရွာစာသင်ကျောင်းကို ဝင်ပြီး ကြဲသွားတာဗျ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ယောဒသ၊ ဂန့်ဂေါခရိုင်ထဲက နေရာတွေကို မေလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် လုပ်နေတယ်လို့လည်း ယောအလင်းတန်းက ဆိုထားပါတယ်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် လာပို့ရွာ စာသင်ကျောင်း (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့မှ TNLA ဆုတ်ခွာပေးရသည့်တိုင် တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်မည်ဟု မိုးကုတ်ဗျူဟာ အသိပေး

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA က အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲကာ မိုးကုတ်မြို့က TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လည်ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရပေမယ့် မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်‌တော်လှန်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

လေယာဥ် ဗုံးသီးတွေထုတ်လုပ်ရာ ကပစ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်၊ အရာရှိစစ်သည် ၉ယောက်သေပြီး ဗုံးသီးထုတ် ဂိုဒေါင်တွေ ထိခိုက်ပျက်စီး

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အား​စုတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဥ်ဗုံးသီးတွေ အချောသတ်ထုတ်လုပ်ရာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီ အရာရှိစစ်သည် ၉ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းမိတဲ့ PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မောင်တော နခခ(၅) က ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို တပ်ဖွဲ့အင်အား ၈၀ ကျော်နဲ့အတူ AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။