ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ် ၂ယောက်ထပ်မံ သေဆုံးသွားတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၄ယောက်အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

လေကြောင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရထားသူ အယောက် ၁၀၀ ကျော်ထဲက အသက် ၈နှစ်အရွယ် G2 ကျောင်းသား မောင်အောင်ဇေယျနဲ့ ဒီနေ့ မေလ ၁၄ရက်နေ့မနက်ပိုင်းမှာ အသက် ၁၁နှစ်အရွယ် G3 ကျောင်းသူ မပြည့်ပြည့်ငြိမ်းတို့ဟာ လေကြောင်းဒဏ်ကရရှိတဲ့ ထိခိုက်ဒဏ်ရာ အပြင်းအထန်ကိုယ်စီနဲ့ ထပ်မံ သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း သိရတာပါ။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကြားကာလစာသင်ကျောင်းကို ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဖျက်အားပြင်း ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် စာသင်ကြားနေတဲ့ ဆရာမနဲ့ ကလေးငယ် ၁၀၀ ကျော် ထိခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူဦးရေ တိုးလာတဲ့အပြင် ဆေးဝါးကိရိယာမလုံမလောက်နဲ့ ကုသမှုတွေ လုပ်ဆောင်နေရတယ်လို့လည်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“စကစဘက်က ပြောသလို ဆေးရုံ၊ ဆေးခန်းဆိုတာ ကျွန်တော်တို့တော်လှန်ရေးနယ်မြေမှာ ဘယ်ရှိပါ့မလဲဗျာ … ပြည့်စုံတဲ့ ဆေးရုံ၊ဆေးခန်း၊ ဆေးဝါး စတဲ့ လုံလောက်တဲ့ အထောက်အကူတွေ မရှိတာကတစ်ကြောင်း၊ CDM ဆရာဝန်တွေအားလုံးက အဆင်သင့်ရာနေရာမှာ သင့်လျော်သလို ကြိုးစားပမ်းစား ကုသဆောင်ရွက်ပေးနေမှုတွေပဲ ရှိတာလေ၊ အားလုံးကလည်း ပြည်သူတွေရဲ့အသက်ကို အခက်အခဲမျိုးမျိုးကြားက ကြိုးစားကယ်တင်ပေးနေကြရတာ” လို့ ဒီပဲယင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ကျူးလွန်သူ၊ အမိန့်ပေးသူနဲ့ ပူးပေါင်းပါဝင်သူတွေကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမှာဖြစ်ပြီး၊ ဘယ်အကြောင်းကြောင်းနဲ့မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမယ့်အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ

မြန်မာနိုင်ငံမှာ လက်နက််ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနေ့က ညပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People’s Liberation Army - PLA က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

တပ်ပျက် စစ်ကြောင်း ကျန်ရစ်ခဲ့သည့် အလောင်းများကို စစ်တပ် လာမကောက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ရှာဖွေသင်္ဂြိုဟ်ပေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်က အကြမ်းဖက်စစ်တပ် စစ်ကြောင်းလိုက်ပြုတ်ခဲ့တဲ့ တိုက်ပွဲမှာ ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို စစ်တပ်က လာမကောက်တာကြောင့် တော်လှန်ရေးတပ်တွေကပဲ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ထနောင်းကုန်းပျူစောထီးရွာတွင် ၃ရက်တာ ထိတွေ့တိုက်ပွဲဖြစ် စစ်အုပ်စုဘက်မှ ၅ဦးသေပြီး မြင်းခြံခရိုင် တပ်ရင်း (၃) ရဲဘော် ၁၀ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ 9/A Nyar Myae စစ်ဆင်ရေးအဖြစ် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပွားပြီး ပျူစောထီး ၅ယောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ထိခိုက်​မှုတွေရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်-၃တပ်ရင်း တာဝန်ရှိသူ ဗိုလ်မူတူးက မောင်းကိုပြောပါတယ်။
Read More

မိုးဗြဲကို သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီ အထိနာနေ

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။