ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်ပြီး လူငယ်၂ ဦးကို သတ်ဖြတ်ခဲ့ဖူးတဲ့ နယ်ထိန်းရဲ မာန်ဟိန်းဆိုသူကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၁၃ ရက် မနေ့က မနက်ပိုင်းမှာ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းအုပ်စု၊ အလယ်ကုန်းရွာရဲစခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ နယ်ထိန်းရဲ မာန်ဟိန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အလယ်ကုန်းရွာအနောက်ပိုင်းလမ်းမကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်အတွင်း နယ်ထိန်းရဲ မာန်ဟိန်းဟာ ဆိုင်ကယ်ပေါ်က ဆင်းပြေးပြီး အနီးအနားရှိ အရပ်သားနေအိမ်ပေါ် ထွက်ပြေးဝင်ရောက်သွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲအထိ လိုက်လံဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“အဲ့ကောင်ကို ချောင်းနေတာ ၁ ပတ်လောက်ကြာပြီဗျ။ သေနတ်လည်း လိုချင်လို့ပါ။ ဒါပေမယ့် အရင်ရက်တွေက သေနတ်ယူလာတယ်။ မနေ့ကတော့ ပါမလာဘူးဗျ။ ” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးသွားတဲ့ နယ်ထိန်းမာန်ဟိန်းဆီကနေ G3 ကျည်အတောင့် ၂၀၊ စကားပြောစက် ၁ လုံး၊ ဆိုင်ကယ် ၁ စီးနဲ့ ငွေ ၆၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ ၂၀၂၂လောက်တုန်းက လူငယ်၂ယောက် ဆိုင်ကယ် ၁ စီးတည်း စီးလာတာ ရပ်မပေးလို့ဆိုပြီး ပစ်သတ်ခဲ့ဖူးတယ်။ သေသွားတဲ့လူငယ်တွေက ကြို့ပင်ကောက်၊ ဘုတလက်တန်းကပါ ” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ရဲအုပ် မာန်ဟိန်းအနေနဲ့ စစ်မှုထမ်းပေါ်တာဆွဲရာမှာ ပါဝင်တာ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းကို စုံစမ်းတာတွေအပြင် ခြိမ်းခြောက်ငွေညှစ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – သေဆုံးသွားတဲ့ နယ်ထိန်းရဲ မာန်ဟိန်းနဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းများ
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ထပ်မံကြဲချ၊ အိမ် ၅ လုံး ပျက်စီးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅ လုံး ပျက်စီးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီမှာ လုပ်ကိုင်နေသည့် ဝန်ထမ်းများ နေထိုင်ရာကျေးရွာအတွင်း “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားများ ကပ်ကာ လူထုလှုပ်ရှားမှု ပြုလုပ်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ နေထိုင်ရာ ကျေးရွာတစ်ရွာမှာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကပ်ပြီး လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ၅/ဆလက လူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်ဆီက သိရပါတယ်။
Read More

ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်…

"ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။" လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကို အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် (၁၂)တပ်ရင်းမှ ရှေ့တန်းရောက် ရဲဘော်များကို ကျည်ကာ အစုံ (၅၀) ၀ယ်ယူတပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၁၂)တပ်ရင်းက ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ရဲဘော်တွေအတွက် အသက်ကို ကာကွယ်နိုင်ဖို့ အထိအခိုက် နည်းစေဖို့အတွက် ကျည်ကာ အစုံ (၅၀)ကို ၀ယ်ယူတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။