ပဲခူးတိုင်း၊ နတ်တလင်း​မြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ Bamar Revolution Army-B.R.A ရဲ့ တပ်ခွဲမှူး ရဲဘော်လကျာ်က မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၁၄ ရက် ဒီနေ့မနက်အစောပိုင်းက နတ်တလင်းမြို့၊ ပျဥ်ပုံပြည်သူ့စစ်ရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ ပါ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေကို နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မြို့အရှေ့ခြမ်း၊ တောင်ညိုဆည်အနီး၊ ထန်းတောကျေးရွာနားမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းမှာ အင်းမအခြေစိုက်စစ်တပ်က စစ်ကောင်စီတပ်သား ၄၀ နီးပါးနဲ့ ပျဥ်ပုံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အများအပြား ပါဝင်တယ်လို့လည်း ရဲဘော်လကျာ်က ပြောပါတယ်။

ပုံစာ – နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ဖွဲ့ဝင်များ

“ပြီးခဲ့တဲ့ ၁၂ ရက်နေ့ကတည်းက ပျဥ်ပုံကနေ ထန်းတော၊ လယ်မအင်း ၊ ဘန့်ဘွေးကုန်းရွာတွေဖက်ကို ၁၂၀ နဲ့ ပစ်လိုက်၊ ဒရုန်းနဲ့ ကြဲလိုက်လုပ်နေကြတာပါ။ အဲ့ဒါ အခုမနက်မှ စစ်​ကြောင်းစထိုးတာပါ။ နတ်တလင်းမှာ အပြင်းထန်ဆုံးတိုက်ပွဲတစ်ပွဲလို့ ပြောရမယ်။ ကျနော်တို့ဘက်က စနိုက်ပါနဲ့စပစ်တာမှာ အရင်ဆုံး ၂ ကောင်လဲသွားပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ထပ်ပစ်တော့ နောက်ထပ် ၆ ကောင်သေပါတယ်။ သူတ််ို့ဖက်က ဒရုန်း ၇ စီးလောက်နဲ့ကြဲတယ်ဉ ၁၂၀ နဲ့လည်း ပစ်ကူပေးပါတယ်။ ကျနော်တို့ တပ်ခွဲ ၄ က ရဲဘော် ၃ ယောက်ရယ်၊ ခွဲ၂က ၂ ယောက်ရယ်လည်း ဒရုန်းဗုံးသီးထိပါတယ်။ ၁ ယောက်က ၁၂၀ ထိတယ်၊ စိုးရိမ်စရာတော့ မရှိတော့ပါဘူး။” လို့ Bamar Revolution Army-B.R.A တပ်ခွဲမှူး ရဲဘော်လကျာ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖြစ်တဲ့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ Phoenix DF ၊ တပ်ခွဲ ၄ B.R.A ၊ တပ်ခွဲ ၆ ဧရာညီနောင်နဲ့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပျဥ်ပုံရွာကို ပြန်လည်ဆုတ်ခွာသွားပြီး လတ်တလောမှာတော့ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ ရဲဘော်လကျာ်က ပြောပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသတွေကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီ ကျောက်မျက်ရတနာပွဲ ပြုလုပ်နေ

ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်လို ဒေသတွေနဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေရှိရာ ဒေသတချို့ကို စစ်ကောင်စီက လက်လွှတ်ထားရချိန်မှာပဲ နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ပြီး ကျောက်မျက်ရတနာပြပွဲကို ကျင်းပပြုလုပ်နေပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

လုပ်သက် ၇နှစ်ရှိတဲ့ ရဲတပ်သားတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား၁ယောက် လက်နက်ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Earthquake People's Defence Force ထံက သိရပါတယ်။
Read More

အမျိုးသမီးကိစ္စကြောင့် နယ်ကျွံမိတဲ့ နယ်ထိန်းရဲ ပစ်ခတ်ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ  အမျိုးသမီးကိစ္စနဲ့ ကျွံဝင်လာတဲ့ နယ်ထိန်းရဲ ၁ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း TTA-People Defense Force က ထုတ်ပြန်ထားပါတယ်။