မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခေါ်) ဒူးရှည်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့၊ ညနေ ၅ နာရီ အချိန်မှာ ပခုက္ကူမြို့နယ်၊ စက်မှုဇုန် (၆) လမ်းနဲ့ (၇)လမ်းကြားမှာ နေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး ကို စစ်အသုံးဆောင် ပစ္စည်းအချိုနဲ့အတူ ဖမ်ဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဓိကကတော့ မြို့ပေါ်မှာ တခြားစစ်ဆင်ရေးလုပ်ဖို့အတွက် အသွင်ယူပြီးသွားတဲ့အချိန်မှာ သူနဲ့ တွေ့တာပေါ့နော်။ သူ့ကိုတွေ့တဲ့ အချိန်မှာ ဖမ်းဆီးလာတယ်။ သွားလုပ်တဲ့ မစ်ရှင်ကို ဖျက်ခဲ့လိုက်တယ်ပေါ့နော်။ သူ့ကိုပဲ အဓိက ဖမ်းဆီးလာခဲ့လိုက်တယ်။ ပျူခေါင်းဆောင်ဆိုတော့လေ။ သူနဲ့ကလည်း ရုန်းရင်းဆန်ခတ်တော့ မဖြစ်လိုက်ဘူး…. တသာတကြည်ပဲ လိုက်လာတာပေါ့နော်။ အဲ့လို အနေအထားပါ” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်သူကို နယ်မြေခံအဖွဲ့ကနေ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ မစ်ရှင်ကိုတော့ Myingyan Black Tiger (MBT) တပ်ဖွဲနဲ့ ညီနောင်မဟာမိတ်တွေ ပူးပေါင်းကာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး နဂါးမင်း (PDF) ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဟိုယတွင် MNDAA နှင့် အာဏာသိမ်းစစ်တပ် အခြေအနေ တင်းမာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်အနီး ဟိုဟမှာ MNDAA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စက်တင်ဘာလအတွင်း ထီးလင်းမြို့နယ် ကျေးရွာများကို စစ်အုပ်စု ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးခဲ့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဟန်ရေးပြ စစ်ရေးလှုပ်ရှားတဲ့အနေနဲ့ စက်တင်ဘာလ တစ်လအတွင်း ကျေးရွာတွေကို ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ တောင်းဆို

ပြည်သူလူထုအပေါ် ဖိနှိပ်ဖမ်းဆီးမှုတွေ အားကောင်းလာစေနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က တောင်းဆိုလိုက်ပါတယ်။
Read More

ရုပ်ရှင်အစည်းအရုံးဝင်နှင့် အစည်းအရုံးဝင်ဖြစ်ဖို့ လျှောက်ထားသူများကိုသာ ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာကြည့်ခွင့်များ ပေးတော့မည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များအဖြစ် လျှောက်ထားဆဲသူများ ပါဝင်တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတင်ဆက်မှုတွေကိုသာ ရိုက်ကူးခွင့်၊ ဆင်ဆာကြည့်ရှုခွင့်တွေ ပေးတော့မှာဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်ဝေခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အရေးပေါ် ဖယ်ရှားရမည့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိရှိ

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဖယ်ရှားပစ်ရမယ့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိ ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မနေ့က ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။