ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တာလယ်ဗျူဟာ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ ခမရ ၂၄ တပ်ရင်းရဲ့ တာလယ်ဗျူဟာ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက မေလ ၁၀ ရက် မနက်အစောပိုင်းကစလို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

KNLA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ပါ လေကြောင်းပစ်ကူပေးကာ ခုခံခဲ့ပေမယ့် မေလ ၁၃ ရက် မနေ့က ညနေပိုင်းမှာတော့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တာလယ်ဗျုဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အလောင်း ၁၀ လောင်းထက်မနည်း သိမ်းဆည်းရမိသလို အကြမ်းဖက်စစ်သားအချို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ အဆိုပါရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကစလို့ ဒီနေ့အထိ KNU တပ်မဟာ ၇ နယ် မြေအတွင်း က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း၊ တာလယ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်အနီးမှာ ထိုင်းစစ်တပ်က လုံခြုံရေး ကင်းလှည့်စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ ထိုင်းနယ်စပ်မှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သားများ
ဓာတ်ပုံ – Khaosod
0 Shares:
You May Also Like
Read More

ရွှေ့ပြောင်းလုပ်သားချင်းတူပေမယ့် ပိုမိုဖိနှိပ်ခံနေရသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ၊ Nong Bua ဒေသအတွင်းက ကျေးရွာတွေမှာ မြန်မာနိုင်ငံသားတွေကို ည ၉ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတဲ့ စည်းကမ်းအပါအဝင် တခြား စည်းမျဥ်းစည်းကမ်းတွေပါဝင်တဲ့ စာရွက်တွေကို ဖြန့်ဝေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီဒေသအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံက သိရပါတယ်။
Read More

ဆီးဂိမ်းဝင်ပြိုင်နေသည့် မြန်မာဘောလုံး အမျိုးသား၊ အမျိုးသမီးအသင်းများ အုပ်စုအဆင့်မှ လှည့်ပြန်လာရ

အကြမ်းဖက်စစ်တပ်လက်အောက်ကနေ ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသား U23 ဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းတို့ဟာ အုပ်စုအဆင့် နောက်ဆုံးပွဲစဥ်တွေ ယှဥ်ပြိုင်အပြီးမှာ အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းကို လာမည့် နိုင်ငံခြားသားခရီးသွားများအား ဘတ် ၃၀၀ ပြည်ဝင်ကြေး ကောက်ခံတော့မည်ဟုဆို

"ဒီဝင်ကြေးကို ရှုထောင့်နှစ်မျိုးနဲ့ ကြည့်လို့ရတယ်။ ခရီးသွားတွေကတော့ ဒါကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မြင်ကောင်း မြင်နိုင်ပေမယ့်၊ ဒီပိုထည့်ရတဲ့ ဘတ် ၃၀၀ က သူတို့ ဘေးကင်းဖို့၊ ကောင်းဖို့၊ ခရီးသွား အခြေခံအဆောက်အအုံတွေ ပိုကောင်းဖို့၊ ပိုအဆင်ပြေဖို့ဆိုတာကို အစိုးရက သေချာနားလည်အောင် ရှင်းပြပေးမှာပါ" လို့ ၎င်းက ဆိုပါတယ်။
Read More

ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၉ ယောက် ကျည်တောင့် ၃၀၀၀ ခန့်နဲ့အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ နေအိမ်ကနေ ကျည်ဆန် ၃၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။