ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Loikaw Local PDF Alpha (3) – တပ်ရင်း အမှတ်(၃) က ရဲဘော် အောင်ကျော်ဌေးနဲ့ ရဲ‌ဘော် ခန့်စည်သူအောင် (ခ) ခေါင်းကြီး တို့ဟာ မိုးဗြဲမြို့တွင်း တိုက်ပွဲအတွင်း မေလ ၁၂ ရက်မှာ ကျဆုံးခဲ့တာပါ။

အသက် (၃၈) နှစ်အရွယ် ရဲဘော် အောင်ကျော်ဌေး နဲ့ အသက် (၂၂)နှစ်အရွယ် ရဲဲ‌ဘော် ခန့်စည်သူအောင် (ခ) ခေါင်းကြီးတို့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရင်ဆိုင်ကာ တိုက်ပွဲပေါင်းများစွာကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ဆင်နွှဲခဲ့ပြီး အောင်ပွဲများစွာမှာလည်း ရဲဘော်ရဲဘက်တွေနဲ့အတူ ပါဝင်ခဲ့တယ်လို့ Loikaw Local PDF က ဆိုပါတယ်။

ကျဆုံးရဲဘော် ၂ ယောက်အတွက် ဝမ်းနည်း နှမျောတသ ဖြစ်မိသလို လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(Loikaw Local PDF) အနေနဲ့ သမိုင်းရဲ့ အာဇာနည်သူရဲကောင်းအဖြစ် မှတ်ကျောက်တင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

KNDF တပ်ရင်း ၂ ရဲ့ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၂) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ထီးစဲခါး ရေတံခွန်ကျောင်းတိုက်ဆရာတော်ယာဉ်ကို စစ်တပ်က ပစ်ခတ်လို့ဆရာတော် ပျံလွန်တော်မူ

ပအိုဝ်းဒေသ၊ ထီးစဲခါးရေတံခွန် ကျောင်းတိုက် ဆရာတော်၏ယာဉ်ကို စစ်တပ်ကပစ်ခတ်ရာ ထီးစဲခါး ရေတံခွန် ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ရိက္ခာရှာန် ထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦးသေဆုံး…

" တိုက်ပွဲကြာချိန်ကတော့နာရီဝက်လောက်ထိ ထိတွေ့မှုဖစ်ပါတယ်၊ထိခိုက်သေဆုံးမှုကတော့ကျွန်တော်တို့မျက်မြင်၂ရောက်ဖစ်ပါတယ်အခြာကဆက်လက်စုံစမ်းနေတုန်းပါ ၊ သူတို့ရိက္ခာပျက်သောက်တာကခန့်မှန်းခြေအရ၅ရက်လောက်ရှိပြီး " လို့ RED GIANTတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူ ဒေါင်းနီက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

မြိုင်စက်မှု (၂) နားရှိ တောတိုက်တွေထဲကနေ ခိုးယူဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) နားက တောတိုက်တွေထဲကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အညာမြေပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။