”မုန်တိုင်းဒဏ်ခံရရင်လည်း ဧရာပဲ တခြားစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးတော့ ခံရရင်လည်း ဧရာပဲ အဲ့ဒီတော့ ဧရာက ဘယ်လိုလုပ်လှုပ်နိုင်မှာလဲ။ အဲ့ဒီတော့ သူ့ဒေသမှာ မလှုပ်နိုင်တဲ့အခါမှာ သိပ်ပြင်းထန်တဲ့ ဧရာတိုင်းသားတွေဟာ နေရာစုံကိုပြန့်ကျဲပြီးတော့ နိုင်ငံတွက် တော်လှန်ရေးကို ကချင်မြေမှာလည်းလုပ်ခဲ့တယ်၊ ကရင်မြေမှာလည်း လုပ်ခဲ့တယ်၊ ကရင်နီမှာလည်း သူတို့ပဲ၊ ချင်းပြည်မှာလည်း သူတို့ပဲ တခြား ဒီရခိုင်ဘက်မှာတောင် သူတို့ ရှိတယ်လို့ ကျနော်သိရတယ်။ အဲ့ဒီတော့ သူတို့ ဘာကြောင့် အဲ့ဒီလိုပြန့်ကျဲပြီး ရောက်ရလဲဆို မချရရင် မနေနိုင်လို့ပေါ့ဗျာ”

Video-ဒို့ပြန်လာပြီ ဧရာဝတီ

0 Shares:
You May Also Like
Read More

စစ်တပ် တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ဒီဇင်ဘာ ၁၁ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

KNLA တပ်ရင်း ၇ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာလာ့ပွာစခန်းကို တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ KNLA တပ်မဟာ(၃)နယ်မြေ၊ KNLA တပ်ရင်း(၇) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယာလာ့ပွာစခန်းကို ဧပြီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို ကြားဖြတ်တိုက်ခိုက်(ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Groupမှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ စစ် ကော်မရှင်ရေယာဉ် ၁၅ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အားပြင်းငလျင်ကြောင့် သမိုင်းဝင်ရွှေစာရံဘုရားထီးတော် မြေခ (ရုပ်/သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက ပုဂံခေတ် မိဖုရားစောမွန်လှ တည်းထားခဲ့တဲ့ သမိုင်းဝင်ရွှေစာရံဘုရားဟာ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘုရားထီး‌တော်မြေခခဲ့ရတယ်လို့ သိရပါတယ်။
Read More

အသက် (၁၈) နှစ်မပြည့်သေးပေမယ့် ပေါ်တာဆွဲကာ မှတ်ပုံတင်အသစ်လုပ်ပြီး စစ်တပ်ထဲ ပို့ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား (ရုပ်/သံ)

''လူဝင်မှုကြီးကြပ်ရေး ( လဝက )ဆိုတဲ့ ဌာနက အသက်မပြည့်သေးတဲ့ နိုင်ငံသားကို စစ်ကောင်စီအမိန့်အတိုင်း မှတ်ပုံတင်အတုထုတ်ပြီး စစ်မှုထမ်းစေဖို့ ဆောင်ရွက်ပေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းအသက်မပြည့်သေးတဲ့ ကလေးတွေက အဖမ်းခံရ၊ ပေါ်တာအဆွဲခံရနဲ့ စစ်သင်တန်းကျောင်းဆီ အတင်းအဓမ္မအပို့ခံရပါတယ်''လို့ နည်းဗျူဟာ ၃၃မှ ဆိုပါတယ်။