စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ မေလ ၁၂ ရက် မနက်ပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီပဲယင်းမြို့နယ်၊ အိုးထိန်းကျေးရွာရှိ စာသင်ကျောင်းမှာ စာသင်ကြားနေတဲ့ ဆရာမ ၂ ဦးနဲ့ ကလေးငယ် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလကလည်း စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်း တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ရာ အနည်းဆုံး အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ NRFF ရဲ့ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။
စစ်ကောင်စီဟာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ နိုင်ငံတကာကို မျက်နှာချိုသွေးပြီး အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပေမယ့် ကိုယ်တိုင် အကြိမ်ကြိမ် အပစ်အခတ်ရပ်စဲရေးကို စတင်ချိုးဖောက်ခဲ့တယ်လို့ NRFF က ဆိုထားပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်ရာဇဝတ်မှုတွေကို တရားလက်လွတ် ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုဟာ အခုလို စာသင်ကျောင်းကို အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဘဲ အလုံးစုံ တာဝန်ခံရမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချနေမှုတွေကို ချက်ချင်းရပ်တန့်ဖို့ လိုအပ်ပြီး၊ လက်တွေ့ ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့ကိုလည်း NRFF က‌ တောင်းဆိုထားပါတယ်။

ပုံစာ – စစ်ကောင်စီတပ် တိုက်လေယာဉ်(ပုံဟောင်း) နှင့် ဒီပဲယင်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်များ
0 Shares:
You May Also Like
Read More

တော်လှန်ရေး အဖွဲ့ဝင်တွေ ဝင်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကပစ ၂၂ က စစ်သား ၃ ယောက်သေ၊ ၂ ယောက် ပြင်းထန်ဒဏ်ရာရ..

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ Yenanthar Column က ရဲဘော် Flash ကျဆုံး

မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်တဲ့ Yenanthar Column က ရဲဘော် မောင်စောဝေယံ (ခ) Flash ဟာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အင်္ဂလန်နိုင်ငံမှာ ဆွစ်ဇလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနများ ကြီးမှူးကျင်းပသည့် “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံကို NUG ဝန်ကြီးတက်ရောက်

အင်္ဂလန်နိုင်ငံမှာ ဆွစ်ဇလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ကြီးမှူးကျင်းပတဲ့ “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၃ဦးကို လက်နက်ခဲယမ်းများနှင့်အတူ CDF-Asho အရှင်မိ

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ယောက်ကို ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။