ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်ပြည်နယ်တွင်းက ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မေ ၁၄ ရက် ဒီနေ့မှာ ကော့ကရိတ်မြို့နဲ့ ၂မိုင်ခန့်အကွာ အကြမ်းဖက်စစ်ကောင်စီတပ်က ယခင်တပ်စွဲထားတဲ့ အောင်ဇေယျစစ်ကြောင်းရဲ့ ကာကင်းတပ်စခန်းအဖြစ်အသုံးပြုနေတဲ့ အဆိုပါစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ကော့ကရိတ်မြို့နယ်၊ တတံကူးရွာနဲ့ ရွာသစ်ကုန်းရွာထိပ်အနီး အာရှလမ်းမကြီးဘေးက အဆိုပါစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေါနတောင်ပေါ်က စစ်ကောင်စီတပ်၊ လက်ကျန်အောင်ဇေယျစစ်ကြောင်းအတွက် ထောက်ပို့နဲ့ စစ်ကူပေးဖို့ အ‌ရေးပါတယ်လို့ဆိုတဲ့ အဆိုပါစစ်ကောင်စီတပ်စခန်းကို ဧပြီလဆန်းပိုင်းကတည်းက KNLA ပူးပေါင်းတပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း အဆိုပါစစ်ရေးသတင်းမြစ်က ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ရာမှာ ပါဝင်နေတဲ့ ကော်ဘရာစစ်ကြောင်းက ရဲဘော်အချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကိုတိုက်ထုတ်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှု ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှည အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ တာဝန်ရှိသူဆီက သိရပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ကို ရှမ်းနီတပ် SNA ပြောက်ကျားတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ညောင်ဦး-ချောက် လမ်းပိုင်းတွင် တပ်ကူသွားသည့် စစ်ကားများ ၂ ကြိမ် မိုင်းဆွဲခံရ၊ ၅ ဦး သေပြီး အများအပြား ထိခိုက်

မန္တလေးတိုင်း၊  ညောင်ဦး-ချောက်လမ်းပိုင်းမှာ စလင်းမြို့နယ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီကားတန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့်ဒေသခံ ၁၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရ

မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၁၅၀၀နီးပါး စစ်ဘေးတိမ်း​ရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။
Read More

အောင်လံတွင် မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ စစ်မှုထမ်းကြေး တိုးမြှင့်ကောက်ခံရင်း လူငယ်များအား အတင်းအကြပ် စစ်မှုထမ်းစုဆောင်းနေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးဆိုသူက ကျေးရွာအတွင်း ယောက်ျားသားရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းကြေး တိုးကောက်တာတွေ၊ လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ အောင်လံမြို့နယ်တွင်း သတင်းတွေဖော်ပြနေတဲ့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။