စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို အရေးယူရာမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့၊ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာက ကျောင်းဆရာမနဲ့ ကလေးသူငယ်တွေ စုစုပေါင်း ၂၂ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။
ဒါ့အပြင် အခုလို စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် မသိကျိုးကျွန်ပြုပြီး စစ်ကောင်စီရဲ့ အင်အားကို အထောက်အကူပြုနေတဲ့ ဘယ်အဖွဲ့အစည်းမဆို သူတို့ရဲ့ ကျူးလွန်မှုတွေနဲ့ ထပ်တူ တာဝန်ယူ၊ တာဝန်ခံရမယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကာလတွေကို သက်တမ်းတိုး ထုတ်ပြန်နေပေမယ့် နိုင်ငံအနှံ့အပြားမှာ နေ့စဉ်ရက်ဆက် ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အရေးယူပေးဖို့နဲ့ စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်း အထောက်အပံ့တွေကို တားဆီးပေးဖို့လည်း တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

ဒီပဲယင်းနယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂၀ နီးပါးသေဆုံး

“ထိခိုက်သေဆုံးကတော့ ကျနော်တို့အလောင်းတွေ့ရတာ ၁၈ ဦး၊ ထပ်တိုး တစ်ဦးရှိတယ်လို့လည်း ကြားတယ်၊ အဲဒီမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်။ ၂၀ ကတော့ကျော်မယ်လို့ထင်တယ်၊ တစ်ချို့ရှာမတွေ့တာတွေ ရှိတယ်လို့လည်းသိရတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

တစ်နိုင်ငံလုံးကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီက လမ်းတံတားနဲ့ အဆောက်အဦတွေ ပျက်စီးရတာ တော်လှန်ရေးအင်အားစုတွေကြောင့် လို့ ပြော

တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်းက လမ်းတံတား၊ အဆောက်အဦတွေကို ဆင်ခြင်တုံတရားမဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူမည်ဟု KNU တပ်မဟာ ၆ သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးမှုတွေ လုံး၀ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ ၆ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ရေဘေးသင့် ပြည်သူတွေကို PDF နဲ့ ပကဖ ရဲဘော်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ကပစ-၂၁ က စစ်ကားတွေ​ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ပွင့်ဗိုလ်အပါ ၄ယောက် သေ၊ ၅ယောက် ဒဏ်ရာရ

မကွေးတိိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၁က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ပွင့်အရာရှိ အပါအဝင် စစ်သား ၄ ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၄) ၊ တပ်ခွဲ (၁) သတင်းထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။
Read More

သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။