ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအလောင်း ၁၃ လောင်း ရရှိထားပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁၃ ရက် ဒီနေ့မနက်ပိုင်းက ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနဦးသတင်းတွေအရ ကျေးရွာအတွင်း ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၃ ယောက် သေဆုံးပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ မနက်အစောပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လိပ်ခမော်ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မေလ ၃၁ ရက်အထိ ဟန်ပြ အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – CJ
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်။ အရပ်သား ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ကို ရှမ်းနီတပ် SNA ပြောက်ကျားတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးမဟာမိတ်အဖွဲ့များကို တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနား ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။