စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်မှာ ယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၁ ရက် မနက် ၁၁ နာရီခန့်က မုံရွာမြို့အဝင် မအူဂိတ်အနီး CR-7 ကွမ်းယာဆိုင်မှာ ယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် လှမျိုးအောင်၊ ရဲဘော် ညိမ်းမင်းဇော်နဲ့ ရဲဘော် ချစ်ထူးခန့်တို့ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ဝမ်းနည်းကြေကွဲရပြီး ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ သတ္တိကို လေးစားဂုဏ်ပြုကြောင်း နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Video – မုံရွာနတ်ဆိုး
0 Shares:
You May Also Like
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၈ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ‌ မောင်းနှင်နေတဲ့ စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းရုံး သတင်းနှင့် ပြန်ကြားရေးက ယမန်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်နီမော် ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ထက်မနည်း သေ (ရုပ်/သံ)

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်း (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျားထိုးတက်ပြီး လိုက်လံရှင်းလင်းနေတဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သင်တန်းဆင်းပွဲမှတ်တမ်းဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။