ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ (၁၂)ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီတပ်က TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို ဒရုန်းနဲ့ (၁)ကြိမ် လာရောက် ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ညနေပိုင်းမှာပဲ နောင်လင်ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ (၁၀)ကြိမ်၊ အဆိပ်ငွေ့ဗုံး (၃)ကြိမ်၊ လက်နက်ကြီးနဲ့ (၃၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က သရက်ချိုကျေးရွာမှာလည်း အမတ (၉၀၂) ကနေ လက်နက်ကြီးနဲ့ (၄)ကြိမ်၊ ဒရုန်းနဲ့ ဗုံး(၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သလို TNLA တည်ရှိရာ မတ်မန်းတောရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်သက်တမ်း (၁)လတိုးထားပေမယ့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်က ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ကြောင်း TNLA က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။
Read More

ဟန်ပြအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုတွင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ထားဝယ် သွားမယ့် စစ်ကောင်စီမြေတင်ကားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။
Read More

KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ကော်ဘရာစစ်ကြောင်း ရှေ့တန်းနယ်မြေမှာ ပစ်ချထားတဲ့ ရဟတ်ယာဉ်ကို ကြည့်ရှုခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း ရှေ့တန်းနယ်မြေတွေဆီ သွားရောက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ဓာတ်ပုံတွေနဲ့တကွ အသိပေး ဖော်ပြလာပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။