ပဲခူးတိုင်း မင်းလှမြို့နယ် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ သတင်းထုတ်ပြန် ထားပါတယ်။

မေလ ၆ ရက်ညပိုင်းက စမ်းဘုတ်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား တော် လှန်ရေးတပ်တွေ စစ်ကြောင်း ၃ ကြောင်းခွဲကာ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၆ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ် ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ခလရ ၁ တပ်ရင်း ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျွန်းကုန်းရွာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၈ ရက်ညပိုင်းမှာ ဖောကား ၅ စီးနဲ့ တပ်ကူများ ရောက်ရှိလာပြီး စခန်းရှိ ပစ္စည်း များ သယ်ဆောင်ကာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါစခန်းအား မေလ ၁၀ ရက် နံနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video -သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၃

0 Shares:
You May Also Like
Read More

အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကနိုဝင်ဘာ ၂၃ ရက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း ၁ ယောက်နဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရုံးစဉ်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်း စစ်ကွင်းတာဆုံဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၈ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပိုင်းမှာ တပ်အထိုင်ချပြီး ပြည်သူ တွေထံက ငွေညှစ်နေတဲ့ စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို မတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

ငလျင်လှုပ်ခတ်ပြီးနောက်ဆက်တွဲ မန္တလေးသံလျှက်မှောက်အနောက်ရပ်ကွက် မီးလောင်ပြာကျခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့ သံလျှက်မှောက်အနာက်ရပ်ကွက်ဟာ ငလျင်လှုပ်ပြီးနောက်ဆက်တွဲ အကျိုးဆက် အဖြစ် မီးလောင်ခဲ့ရာ ရပ်ကွက်တစ်ခုလုံး ပြာကျခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြိုထဲ ဝင်ရောက် (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြို့ထဲ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။