အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိ‌သူ အယောက် ၁၀၀ ကျော်အတွက် ဆေးဝါး၊ ကိရိယာ လုံလောက်မှုမရှိတဲ့ အခက်အခဲတွေကြားထဲကနေ CDM ကျန်းမာရေးဝန်ထမ်းတွေက အကောင်းဆုံးကုသပေးနေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မေလ ၁၂ရက် မနေ့က တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလစာသင်ကျောင်းမှာ စာသင်ကြားနေတဲ့ ဆရာမနဲ့ကလေးငယ် စုစုပေါင်း ၂၂ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေကို သဂြိုလ်ပြီးစီးခဲ့ပြီဖြစ်ကာ ထိခိုက်ဒဏ်ရာ ရရှိသူ စုစုပေါင်း ၁၀၂ ယောက်အထိ ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။

“စကစဘက်က ပြောသလို ဆေးရုံ၊ဆေးခန်းဆိုတာ ကျနော်တို့တော်လှန်ရေးနယ်မြေမှာ ဘယ်ရှိပါ့မလဲဗျာ။ ပြည့်စုံတဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါး စတဲ့ လုံလောက်တဲ့ အထောက်အကူတွေမရှိတာကတစ်ကြောင်း၊ CDM ဆရာဝန်တွေအားလုံးက အဆင်သင့်ရာနေရာမှာ သင့်လျော်သလို ကြိုးစားပမ်းစား ကုသဆောင်ရွက်ပေးနေမှုတွေပဲရှိတာလေ၊ အားလုံးကလည်း ပြည်သူတွေရဲ့အသက်ကို အခက်အခဲမျိုးမျိုးကြားက ကြိုးစားကယ်တင်ပေးနေကြရတာပါပဲ။ ဒါကြောင့် အဆင်သင့်ရာနေရာတွေကနေ ခက်ခက်ခဲခဲ ကြိုးစားကုသပေးနေရပါတယ်။” လို့ ဒီပဲယင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အပြစ်မဲ့ကလေးငယ်တွေနဲ့ ဆရာမတွေ သေဆုံးခဲ့တဲ့ ဖြစ်စဥ်အတွင်း စစ်ကောင်စီက ထပ်ဆင့်ပေါက်ကွဲတဲ့ဗုံးတွေကို အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

“ရှေ့က ဒီပဲယင်းနယ်၊ ကြခတ်၊ လက်လှုပ် လေကြောင်းတိုက်ခိုက်မှုတွေမှာလည်း အလားတူ ထပ်ဆင့်ကွဲ ဗုံးတွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါပဲ” လို့ ဒီပဲယင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ကျူးလွန်သူ၊ အမိန့်ပေးသူနဲ့ ပူးပေါင်းပါဝင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးသွားမှာဖြစ်ကြောင်းနဲ့ ဘယ်လို​သောအကြောင်းကြောင်းနဲ့မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်​​ပေးမှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာ​ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

ပုံစာ – အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးခဲ့သည့် ကလေးငယ်များ၏ ကျောင်းသုံးပစ္စည်းများ
0 Shares:
You May Also Like
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ကလေးတောင်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၂၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။
Read More

မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG လက်အောက်ကို ဝင်ရောက်မယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မဟူရာရွှေဘိုသားတော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေကို NUG က စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ၊ ကြူကြူလှနှင့် စစ်အရာရှိများ သိက္ခာကျဆင်းအောင် ပြောဆိုရေးသားမှုအတွက် အမှုဖွင့်ခံထားရကြောင်း သတင်းထွက်

သမီးဆိုး’ လို့ လူသိများတဲ့ အွန်လိုင်းဆယ်လီ သက်ကိုကိုဟာ အောက်တိုဘာ ၁၂ရက် ဒီနေ့လယ်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တချို့ဆီက သိရပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အလောင်းသယ်သည့် စစ်ကားနှင့်ရှေ့ပြေးရဲကား မိုင်းခွဲခံရ၊ စစ်သားနှင့်ရဲ ၁၉ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။