မကွေးတိုင်း ရေစကြိုမြို့နယ် ဆန်းသစ်ကျေးရွာကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအ များအပြားသေပြီး ဒရုန်းနဲ့ ၁ စီး ပစ်ချနိုင်ခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Southern YSO PDF မှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၉ ရက် နံနက်ပိုင်းက ဆင်ချောင်းပြည်သူ့စစ်ကျေးရွာမှာ ထွက်လာတဲ့ စစ်ကောင်စီတပ်သား တွေဟာ ဓားစာခံ ၅ ယောက်နဲ့အတူ ဆန်းသစ်ကျေးရွာကို စစ်ကြောင်းထိုးလာချိန် တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီကင်းထောက်ဒရုန်း ၁ စီးကို ပစ်ချနိုင်ခဲ့ကာ စစ်တပ်အရာရှိ ၁ ယောက် အပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း Southern YSO PDF ရဲဘော် လပြည့် ကျဆုံးခဲ့ရပြီး အခြားရဲဘော် ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင်ပြည်သူ့အားမာန်PDF၊ King Cobra၊ ဒေါင်းစစ်သည်နဲ့ BNRA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ် လို့ သိရပါတယ်။

တိုက်ပွဲပြီးနောက် ရေစကြိုမြို့နယ် သဲတော‌ကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူ ၁ ‌ယောက်သေဆုံးခဲ့ရပြီး အိုးအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့မှု Generation Z Power ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Generation Z Power က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

သစ်ရုံကျေးရွာအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Ah Nyar Heroes အဖွဲ့က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နှင့် ပေါက်အစပ်ကို စစ်ကော်မရှင် ပါရာမော်တာများဖြင့် ၃ ရက်ဆက် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်ကို စစ်ကော်မရှင်က ပါရာမော်တာတွေနဲ့ ၃ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရဲစခန်းအတွင်း မူးယစ်သောက်စားပြီး PDF တွေကို စိန်ခေါ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Salingyi) ထံက သိရပါတယ်။
Read More

ပုလဲနယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်နေတဲ့အတွက် စစ်‌‌ရေးအသိရှိကြဖို့ TIGER PDF အသိ‌ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရေးအသိရှိကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ပုံတောင် TIGER PDF မှ အသိပေးထားပါတယ်။ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကင်းထောက်ဒရုန်းများ၊multirotor ဒရုန်းများနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေကို အချိန်မရွေးပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ် ဆောင်လာနိုင်တဲ့အတွက် စစ်ရေးအသိထူးရှိကြဖို့ အသိပေးထားပါတယ်။