စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်မှာ ယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၁ ရက် မနက် ၁၁ နာရီခန့်က မုံရွာမြို့အဝင် မအူဂိတ်အနီး CR-7 ကွမ်းယာဆိုင်မှာ ယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် လှမျိုးအောင်၊ ရဲဘော် ညိမ်းမင်းဇော်နဲ့ ရဲဘော် ချစ်ထူးခန့်တို့ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ဝမ်းနည်းကြေကွဲရပြီး ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ သတ္တိကို လေးစားဂုဏ်ပြုကြောင်း နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Video – မုံရွာနတ်ဆိုး
0 Shares:
You May Also Like
Read More

ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု ၃၀ ခန့်သေပြီး လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ် ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိခဲ့ကာ လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကုက္ကိုစုနှင့် အုပ်ကျင်းရွာကို စစ်ကောင်စီတပ် စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကုက္ကိုစုနဲ့ အုပ်ကျင်းရွာကို မတ်လ ၆ ရက်ညပိုင်မှာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီးယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ်ခဲ့တဲ့ ရုပ်သံဖိုင် Dragon Brothers Task Force ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ် ခဲ့တဲ့ ရုပ်သံဖိုင်ကို Dragon Brothers Task Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့နယ် ထနောင်းဝင်းကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းဝင်းကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Three Stars People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

Sky Villa အိမ်ရာနှင့် Great Wall Hotel မှာ ပိတ်မိနေတဲ့ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်သည် အပါအဝင် ၄ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန် (ရုပ်/သံ)

ဒီနေ့ မတ်လ ၃၁ ရက် မနက် ၅ နာရီခွဲဝန်းကျင်နဲ့ ၆ နာရီ မိနစ် ၂၀ တို့မှာ မန္တလေးမြို့ Sky Villa အိမ်ရာမှာ နာရီပေါင်း ၆၀ ကျော်ကြာ ပိတ်မိနေတဲ့ ကလေးငယ် ၁ ယောက်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်အပါအဝင် ၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
Read More

အမ်း နပခ မှာ လက်နက်ချတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ AA ကယ်ထုတ် (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။