စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာ ဆက်ကြေးကောင်ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရင်း တပ်ဖွဲ့ဝင် ၃ယောက်ကျဆုံးခဲ့ရကြောင်း မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မေလ ၁၁ရက်နေ့ မနက်ပိုင်းက မုံရွာမြို့အဝင် မအူဂိတ်အနီး၊ CR 7 ကွမ်းယာဆိုင်အတွင်းရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ၃ယောက်ကို နတ်ဆိုးတပ်ရင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဆီက လက်နက်ကောက်ဖို့ကြိုးစားတဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ခဲ့ရတာလို့ နတ်ဆိုးတပ်ရင်းတာဝန်ရှိသူကပြောပါတယ်။

ပုံစာ – မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်းတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးလုပ်ဆောင်နေစဉ်

“စခ၃ကောင်က မအူဂိတ်ကနေထွက်ပြီး ဆီကားတွေကို ပိုက်ဆံကောက်ဖို့ ထွက်လာတာ။ မအူဂိတ်နဲ့ CR 7 ကွမ်းယာဆိုင်က မီတာ ၅၀၀လောက်ပဲဝေးတယ်။ရဲဘော်တွေဝင်ပစ်တဲ့အချိန် ကွမ်းယာဆိုင်ထဲမှာစခ ၂ကောင် ရှိတယ်။ ကျန်တဲ့၁ကောင်က ကွမ်းယာဆိုင်ဘေး မထသဂိတ်လို့ခေါ်မလား အဲ့ထဲမှာရှိနေတယ်ပေါ့။ ရဲဘော်တွေက ဆိုင်ကယ်၅စီးနဲ့ သွားပြီးပစ်တယ်။ သူတို့ကို၂နေရာ ခွဲပစ်ခိုင်းတာပါ။ ဟိုရောက်တော့ဘယ်လိုဖြစ်သွားလဲမသိ။ ရဲဘော်တွေက ကွမ်းယာဆိုင်ထဲက ကောင်​တွေကိုတွန်းပစ််တယ်။ အဲ့မှာ ဆိုင်ထဲကကောင်တွေသေတော့ လက်နက်ကောက်ဖို့သွားတဲ့အချိန် ၁၅ပေအကွာ​လောက်ဂိတ်ထဲက ခွေးက ရဲဘော်တွေကိုပစ်သွားတာပါ။ အလစ်ငိုက်ခံရတော့ ၃ယောက်လုံးကျသွားတာပါ။”လို့ မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းတာဝန်ရှိသူကမောင်းကိုပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း မုံရွာခရိုင်အမှတ် (၂၂)နတ်ဆိုး တပ်ရင်းက ရဲဘော် လှမျိုးအောင်၊ ရဲဘော် ညိမ်းမင်းဇော်နဲ့ ရဲဘော် ချစ်ထူးခန့်တို့ကျဆုံးခဲ့ရတာဖြစ်ပြီး ကျန်တဲ့ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်၃ယောက်ဟာ စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတာကြောင့် ဝမ်းနည်းကြေကွဲရကြောင်း၊ တပ်ဖွဲ့ဝင်တွေရဲ့ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့စိတ်ဓာတ်နဲ့ သတ္တိိအပေါ် လေးစားဂုဏ်ပြုကြောင်းနဲ့ မပြီးပြတ်သေးတဲ့ စစ်အာဏာရှင်တော်လှန်ရေးကိုလည်း ကျဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့ကိုယ်စား နှစ်ဆတိုးပြီး အာဏာရှင်ကျရှုံးတဲ့နေ့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်းကကတိသစ္စာပြုထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လူမဆန်စွာ ညှင်းပန်းနှိပ်စက် အသတ်ခံရမှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီပါရွာ ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။