စစ်ကိုင်းတိုင်း ချောင်းဦးမြိုနယ် နတ်ရေကန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Standard Revolution Force -S R F (MMU) မှ သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက် သေပြီး ၇ ယောက် ထိခုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်မှာ ၆၀ မမ လက်နက်ကြီးနဲ့ ပြနလည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Standard Revolution Force -S R F (MMU)နှင့်အတူ Golden Triangle PDF၊ Dog killers -DKPDF၊ အင်းလေးသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်နေသည့် စစ်တပ်အထိုင်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေစဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ စွယ်တော်နန်း တည်းခိုခန်းပြိုကျမှုအတွင်း ၅ ရက်ကြာ ပိတ်မိနေသည့် အမျိုးသားကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်း တည်ခိုးခန်းပြိုကျမှုအတွင်း ၅ ရက်ကြာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အသက်ထက် သေနတ်က ဈေးကြီးနေတယ်ဆိုတဲ့ အညာဒေသ တော်လှန်ရဲဘော်များ (ရုပ်/သံ)

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဆီက သေနတ်ကောက်ဖို့ ကြိုးစားကြတဲ့ အညာဒေသ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ဧရာအနောက်မြို့တော်သို့ ကမ်ပိန်းကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်နှင့် မော်တော်ယာဉ်များ မျောပါ (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးလာပြီး ရေကြီးရေလျှံလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သား တွေကို ‌အောက်တိုဘာ ၂၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KBU-တောလေးအဖွဲ့ထံက သိရပါတယ်။