ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ ကျန်းမာရေးဌာနနဲ့ နိုင်ငံရေးဌာနက အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်းရှိ ဒေသတစ်ခုမှာ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်တွေကို အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁ ရက်ကနေ မေလ ၈ ရက်အထိ ၈ ရက်တာကာလအတွင်း ပြည်သူ ၄၀၀ ကျော်ကို အခမဲ့ အခြေခံကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး စာစောင်တွေ ဖြန့်ဝေခြင်း၊ သရုပ်ပြ ပညာပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကလေးတောင်ပိုင်း ကြံသာရွာမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကို စစ်အုပ်စု အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ထားပေးရတာ မှန်ကန်ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

Sky Villa ကွန်ဒို သေဆုံးသူများအတွက် တစ်ဦးကို သိန်း ၁၀၀ ကရုဏာထောက်ပံ့ကြေးပေးမည်ဟု ငလျင်အပြီး ၅လကျော်ကြာမှ ကြေညာ၊ တာဝန်ခံမှု၊ တောင်းပန်မှုမရှိသည့် ကုမ္ပဏီကို နစ်နာသူများ ဒေါသထွက်

ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတယ်လို့ ကြေညာရောင်းချခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း ပြိုကျကာ လူပေါင်း ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ တာဝန်ရှိသူတွေက ငလျင်ပြီးလို့ ၅လကျော်အကြာမှာ သေဆုံးသူတစ်ယောက်စီကို သိန်း ၁၀၀ စီ ပေးမယ်လို့ ကြေညာပါတယ်။
Read More

မိုးကုတ်မြို့တွင် ယနေ့မနက် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ကလေး (၁) ဦးအပါ ပြည်သူ (၃) ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃) မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်တပ်လက်အောက်ခံ ခလရ (၂၈၃) က တပ်သားတယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာ တယ်လို့ Phoenix - Special Warfare Force က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်က စစ်ကောင်စီစခန်း (၉) ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံး၊ စစ်သုံ့ပန်း (၃) ဦး နဲ့ လက်နက်များ ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားတဲ့ စခန်း (၉) ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ တပ်များနဲ့ KNLA တပ်ဖွဲ့များက ဇွန်လ (၂၅) ရက်၊ မနက်အစောပိုင်းမှာ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။