ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်မနက်ရွာက စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ အဆိုပါ စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ မေလ ၁၀ ရက်၊ မနက် ၇နာရီကနေ နေ့လယ် ၁၁ နာရီခွဲ အချိန်ထိကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူတွေ ကြားထဲကပဲ စခန်းကုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“လေကြောင်းက မိနစ် ၃၀ လောက် လာကြဲသွားတယ်။ စကစဘက်က အသေအဆုံးများပါတယ်။ သူတို့က ပြန်ဆုတ်ချိန်မှာ အလောင်းတွေကိုပါ ပြန်ဆွဲသွားတာပါ။ အလောင်းတွေကို ဘယ်မှာ ထားခဲ့လဲဆိုတာတော့ မသိရသေးဘူး။ မိုင်းထောင်ထားမှာ စိုးလို့ အခုတော့ မလိုက်ရသေးပါဘူး” လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) ဒုတပ်ခွဲမှူး ရဲဘော်ကိုမိုးသီးက မောင်းကို ပြောပါတယ်။

အဲဒီနောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စခန်းအတွင်းက ဆိုင်ကယ် ၆စီး၊ ကား ၁စီးနဲ့ အခြားပစ္စည်းတွေကိုလည်း တပါတည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁) တပ်ခွဲ (၅) ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ အနီးကပ် သွားရောက်ပစ်ခတ်၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားသည့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ဒရုန်းတွေ အသုံးပြုပြီး သိမ်းဆည်းရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings (FW) ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီဒေသ အငတ်ဘေးကြုံအောင် အကြမ်းဖက်စစ်တပ် ရည်ရွည်လုပ်ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို အငတ်ဘေးကြုံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေဖြူမှာ စစ်ကောင်စီက နုဘုလယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာ၊ လက်နက်နဲ့ ဒရုန်းတွေကို သယ်ဖို့ကြိုးစားနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ရေကြောင်းကနေ ဒရုန်းနဲ့ လက်နက်ခဲယမ်းသယ်ယူရင်း အခြေစိုက်စခန်းဆီပို့ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး  လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။