ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၀ ရက် မနက်ပိုင်းက အင်အား ၆၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေ ကြောင်းပစ်ကူကြားထဲကနေ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်းရှိ အကြမ်းဖက်စစ်သား အများအပြားသေခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ဆိုင်ကယ် ၆ စီး၊ ကား ၁ စီးနဲ့ အခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁) တပ်ခွဲ (၅) ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့နဲ့ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၃) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များ နှစ်သစ်အတွက် မိဘပြည်သူများကို ဆုမွန်ကောင်းအမှာစကား ပြောကြား (ရုပ်/သံ)

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေက ၂၀၂၅ နှစ်သစ်အတွက် မိဘပြည်သူတွေကို ဆုမွန်ကောင်းအမှာစကား ပြောကြားခဲ့ကြပါတယ်။
Read More

ဗန်းမော်မြို့နယ် နာရေးဆုတောင်းပွဲကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ တိုက်ခိုက်၊ ပြည်သူ ၂၀ ကျော် သေဆုံးပြီး (၂) လ အရွယ်ကလေးငယ် အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ရှောင်စခန်းမှာ နာရေးဆုတောင်းပွဲ ပြုလုပ်နေ ချိန် အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၂၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် မုတ်ကျိတ်ကျေးရွာရှိ ကချင်နှစ်ခြင်းဘုရားကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မုတ်ကျိတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကချင်နှစ်ခြင်းဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ကားတချို့ ချောက်ထဲကျပြီး ၅ယောက် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Ar Lar Wa Ka အဖွဲ့ထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးမောင်မောင်နှင့် တွေ့ဆုံမေးမြန်းချက်

မြန်မာစစ်တပ်ကို ပစ်မှတ်ထားကာ ILO ပုဒ်မ ၃၃ ကျင့်သုံးဖို့ ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ချမှတ်လိုက်ပါတယ်။
Read More

MNDAA တပ်များ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည့် လားရှိုးမြို့တွင် စစ်ကောင်စီ ဆေးရုံဖွင့်ပွဲ ပြုလုပ် (ရုပ်/သံ)

MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တဲ့ လားရှိုးမြို့မှာ စစ်ကောင်စီက မေလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ဆေးရုံဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။