အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ မေလ ၁၂ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းကို ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချသလို ထိုင်းအစိုးရအနေနဲ့လည်း ကြားဝင်မှုတွေ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ဒီကနေ့ ဗုံးကြဲမှုဟာ ကျောင်းသားတော်တော်များများကို ထိခိုက်ဒဏ်ရာရ သေဆုံးစေခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကလည်း အဆုံးမရှိဘူးဖြစ်နေတယ်လို့ ကန်နာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဝေဖန်ထားပါတယ်။

မြန်မာစစ်တပ်ရဲ့ အိုးထိန်းတွင်းရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ ကျောင်းသားကလေးငယ်နဲ့ ဆရာမ စုစုပေါင်း ၂၂ ယောက်အထိ သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ သိရပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကြားဝင်ကာ ရေရှည်တည်တံ့တဲ့ အပြောင်းအလဲကို ဖော်ဆောင်ကာ ဦးဆောင်မှုအခန်းကဏ္ဍကို အရှိန်မမြှင့်ဘူးဆိုရင် ထိုင်းနိုင်ငံအပေါ်လည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကန်နာဝီက ဆိုပါတယ်။

လက်ရှိ အာဆီယံဥက္ကဌ မလေးရှားဟာ နောက်လာမယ့် လအနည်းငယ်အတွင်း သက်တမ်းကုန်ဆုံးမှာဖြစ်သလို နောက်လာမယ့် ဥက္ကဌ ဖိလစ်ပိုင်အလှည့်ပြီးရင် ထိုင်းနိုင်ငံအလှည့်ဖြစ်တာကြောင့် မြန်မာ့အရေးကို ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးထိခိုက်မှာကို စိုးရိမ်စိတ်ကြောင့် ဘောင်မကျော်ရဲ ဖြစ်နေတယ်လို့လည်း ထိုင်းအမတ် ကန်နာဝီက ဝေဖန်ထားပါတယ်။

0 Shares:
You May Also Like
Read More

(၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှ စစ်ကောင်စီကို ILO ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ (၃၃) အရ ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့မှုကို ကြိုဆိုကြောင်း CRPH ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ (၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံရဲ့ ဇွန်လ ၅ ရက် စုံညီအစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း၊ ပုဒ်မ (၃၃) အရ ဒဏ်ခတ်အရေးယူပိတ်ဆို့ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးပါ မော်တော်ကား ထိုင်းရဲ လိုက်ဖမ်းချိန် မြစ်ထဲ ထိုးကျပြီး အဖမ်းခံရ…

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဥ် ၁ စီး ထိုင်းရဲ လိုက်ဖမ်းချိန် မောင်းပြေးရာက မြစ်ထဲကျပြီး ကားပေါ်ပါလာသူတွေ ဖမ်းဆီးခံရတယ်လို့ Khaosod သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ငလျင်ဘေးနဲ့ ရင်ဆိုင်နေရချိန် ပြည်သူကိုအကြမ်းဖက်တိုက်ခိုကိနေလို့ ပြတ်သားစွာ အရေးယူပေးဖို့ ကုလကို တောင်းဆို

သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြတ်သားစွာအရေးယူပေးဖို့ ကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်တောင်းဆိုလိုက်ပါတယ်။
Read More

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်သည့် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး နိုင်ငံတကာဥပဒေ လေးစားရန် အာဆီယံ ဥက္ကဋ္ဌ ပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

ရုရှား လေတပ်စခန်းများကို ယူကရိန်းက Web Operation အဖြစ် ဒရုန်းများဖြင့် တိုက်ခိုက်၊ ရုရှားစစ်လေယာဉ် ၄၀ ကျော် ပျက်စီးဟု ဆို

ရုရှားနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းတွေကို ဇွန်လ ၁ ရက် မနေ့က ယူကရိန်းရဲ့ S.B.U ထောက်လှမ်းရေးအေဂျင်စီက ဦးဆောင်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။