စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက် အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မေလ ၁၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာရေးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရေးပေါ်ဆေးကုသမှုခံယူနေသူလည်း အယောက် ၄၀ နီးပါးရှိတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

Video – S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ KNDF - Pekhon Zone က ထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန် မြေအောက်စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသည့် ကလေးငယ်များ (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် မြေအောက်စာသင်ကျောင်းအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနေပြီဖြစ်တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Defense Organization - Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက နတ်မောက်ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီး လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေး စီးနင်းလာတဲ့ ကား ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမောက်မြို့ ဌာနဆိုင်ရာရုံးနှင့် အဆောက်အအုံများကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ SNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရုံးနဲ့ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ်တွေက ပူးပေါင်းမီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ကသာခရိုင်၊ အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်းမှ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၅)အတွက် တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က အခြေခံပညာသင်တန်းအပတ်စဉ် (၅) အတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

ပြည်သူများ သွေးမအေးသေးကြောင်း ပြသသည့် UAE မြို့ပြဂီတည (ရုပ်/သံ)

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Lလွန်းဝါ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။